KNU ကြေညာချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်သလား
2018.10.29
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ KNU ကရင်အမျိုးသားအစည်းအရုံး တဖွဲ့လုံး တညီတညွတ်တည်း ပါဝင်နိုင်ဖို့ အဖွဲ့အစည်းအတွင်း ဆွေးနွေးညှိနှိုင်းစရာတွေ ရှိတဲ့အတွက် ပြင်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်လို့ KNU က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
KNU ရဲ့ကြေညာချက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ထိခိုက်လာနိုင်ပါသလား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်နေကြသူတွေရဲ့ သုံးသပ်ချက်တွေကို RFA သတင်းထောက်မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။