သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-09
ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတစ်သိန်းလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစာရေစာ ပြတ်လပ်မှုတွေ၊ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်တဲ့ ရာသီဥတု ဒဏ်တွေကြောင့် လူအများအပြား သေဆုံးရမယ့် အခြေအနေတွေ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tom Andrews က ပြောလိုက်တဲ့အကြောင်း AP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-06-09
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လုပ်ကိုင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ဆောင်ရွက်နေမှုတွေ အားလုံးကို ရပ်ဆိုင်းထားဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ အကြောင်းကြားစာကို မနေ့က လက်ခံရရှိတယ်လို့ MSF အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
2021-06-09
စစ်ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့သား ကိုစည်သူထွဋ်နဲ့ သူ့လုံခြုံရေးအဖွဲ့ တွေက၊ အရပ်သားလူငယ် သုံးယောက်နဲ့ နေပြည်တော်က စားသောက်ဆိုင်တဆိုင်မှာ ခိုက်ရန်ဖြစ်ရာကနေ ဆိုင်ဝန်ထမ်းတွေပါ ပါဝင်ပတ်သက်မိသွား ပြီးတဲ့နောက် ရန်ပွဲမှာမပါတဲ့ ဆိုင်ပိုင်ရှင်ရော ဝန်ထမ်း ၁၅ ယောက်ကိုပါ ရဲတပ်ဖွဲ့က ပုဒ်မ ငါးခုနဲ့တရားစွဲပြီး ဇွန်လ ၉ ရက်နေ့ညနေမှာ နေပြည်တော် အချုပ်ထောင်ကို ပို့လိုက်တယ်လို့ RFA က စုံစမ်းသိရှိပါတယ်။
2021-06-09
ဦးသိန်းစိန်အစိုးရ လက်ထက်က ချုပ်ဆိုထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အတိုင်း တိတိကျကျ လိုက်နာသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ဇွန် ၉ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။
2021-06-09
ဇွန်လ (၇) ရက်ကနေ (၈) ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ အထူးအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အာဆီယံနဲ့ ပူးပေါင်းပြီး ကူညီချင်တယ်၊ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းရေးဟာ တရုတ်နိုင်ငံရဲ့ ဦးစားပေးဖြစ်တယ်” လို့ ပြောကြားခဲ့တဲ့အကြောင်း RFA က သတင်းတွေ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
2021-06-09
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လေးလကျော်အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ပါ ဆန့်ကျင်ခုခံလို့ စစ်တပ်က အင်အား အလုံးအရင်းနဲ့ ပြန်တိုက်တဲ့အတွက် ဒေသအသီးသီးမှာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် နှစ်သိန်းကျော်ရှိနေပြီလို့ သိရပါတယ်။
2021-06-09
ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ရဲ့ ၂၀၁၁ ခုနှစ်တုန်းက တစ်ကျော့ပြန်စစ်ပွဲတွေဖြစ်ခဲ့တာဟာ ဇွန်လ ၉ ရက်နေ့ ဒီကနေ့မှာ ဆယ်နှစ်တိတိ ရှိခဲ့ပြီဖြစ်ပြီး ကချင်လူထု တစ်သိန်းနှစ်သောင်းလောက် နေရပ်မပြန်နိုင်ကြသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ဒု-သမ္မတ ဒူဝါလရှီလ က ပြောပါတယ်။
2021-06-09
တရုတ်နဲ့ အာဆီယံတို့ လိုလားနေတဲ့ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေသွားမယ့် အသွင်ကူးပြောင်းရေးမျိုး ဖြစ်တာကြောင့်၊ ဒီလိုအခြေအနေ အခင်းအကျင်းမျိုးကို ပြန်သွားဖို့ မဖြစ်နိုင်ဘူးလို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင် က ပြောလိုက်ပါတယ်။
2021-06-09
ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေ အပါအဝင် AAနဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရသူ ၁၀ ဦးကို စစ်ကောင်စီက အမှုရုပ်သိမ်းလိုက်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာပြီလို့ အဲဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ရှေ့နေက RFA ကိုပြောပါတယ်။
2021-06-09
CDM အနုနည်းနဲ့ အာဏာဖီဆန်မှုလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဝန်ထမ်းအိမ်ကနေ ရွှေ့ပြောင်းပေးရတဲ့ မိသားစုပြောင်းသွားတဲ့နေရာမှာ လက်နက်တွေလာချတယ်လို့ စွပ်စွဲပြီး ရဲနဲ့ တပ်က ညတွင်းချင်း လာဝိုင်းတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မကွေးတိုင်းက ဝန်ထမ်းရဲ့ခင်ပွန်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-06-09
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဏာရှင်စနစ်ကို လုံးဝဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကြိုးပမ်းတည်ဆောက်နေချိန် ကချင်ဒေသက တိုင်းရင်းသားတွေအားလုံး ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ NUG ဒုသမ္မတ ဒူဝါလရှီးလက ဇွန် ၉ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2021-06-09
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့မှာ ဇွန်လ ၈ ရက် မနေ့က ကိုဗစ်စစ်ဆေးတဲ့ ကိရိယာ Test Kit နဲ့ စစ်ဆေးရာမှာ ပိုးတွေ့သူ ခုနစ်ဦးရှိတယ်လို့ ပလက်ဝမြို့နယ်ဆရာဝန်က RFA ကိုပြောပါတယ်။
2021-06-08
ကယားပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ လုံခြုံရေး အခြေအနေတွေဟာ ဆိုးဆိုးဝါးဝါးနဲ့ မြန်မြန်ဆန်ဆန်ဖြစ်ပျက်နေတာ ကြောင့် စိုးရိမ်နေတယ်လို့ ကုလသမဂ္ဂက မနေ့ကပဲ ကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
2021-06-08
မွန်ညီညွတ်ရေးပါတီ MUP က အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့နားက ရွာသစ်မှာ မနေ့ညနေပိုင်းက လုပ်ကြံခံရလို့ သေဆုံးခဲ့တယ် လို့ မွန်သတင်းအေဂျင်စီက ဖေါ်ပြပါတယ်။
2021-06-08
ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း ဘာသာရေးအဆောက်အအုံတွေကို ပစ်ခတ်တာတွေ မလုပ်ကြဖို့ ကယားပြည်နယ် ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတွေက တောင်းဆိုလိုက်ပါတယ်။