သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-07
ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့သီတင်းပတ်က ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ်မှာပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ရေး ဟောပြောလှုပ်ရှားမှုနဲ့ ပါတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပါတီရဲ့သဘောထား၊ နိုင်ငံတွင်းက ဘာသာရေးပဋိပက္ခတွေနဲ့ ပါတ်သက်ပြီး ပါတီရဲ့မူဝါဒတွေနဲ့ မကြာခင်မှာထုတ်ပြန်တော့မယ့် မျိုးစောင့်ဥပဒေမူကြမ်းတွေအပေါ် အမြင်သဘောထားတွေကို ကြံ့ခိုင်ဖွ့ံ့ဖြိုးရေးပါတီရဲ့ ဒုတိယ ဥက္ကဌ ဦးဌေးဦးကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
2014-05-07
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ KNU ကရင် အမျိုးသားအစည်းအရုံးနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါတယ်။
2014-05-07
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ဖမ်းဆီးထားတဲ့ အစိုးရဝန်ထမ်း နှစ်ဦးကို မေလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ နောက်ဆုံး ထားလွှတ်ပေး ဖို့နဲ့ သတ်မှတ်ချက်အတိုင်း ပြန်လွှတ်မပေးရင် အင်အားသုံး ဖြေရှင်းမှာဖြစ်ကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်တိုင်းမှူးက KIA ကို သတိပေး အကြောင်းကြား လိုက်တယ်လို့ သိရပါတယ်။
2014-05-07
မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး တပ်ဖွဲ့တွေအကြား တိကျတဲ့နယ်မြေသတ်မှတ် မှုတွေ မရှိသေးတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ တိုးမြင့် လာတဲ့အတွက် ငြိမ်းချမ်းရေး ကို နှောင့်နှေးနေရတဲ့ အကြောင်း ပြုစုရေးသားထားတဲ့ စာအုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် မြန်မာငြိမ်း ချမ်းရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ဝေဖြန့်ချိ လိုက်ပါတယ်။
2014-05-07
အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု အတွက် အာမခံချက်ပေးနိုင်မယ့် ဥပဒေ တစ်ခုကို လွှတ်တော်ကနေ ပြဌာန်းနိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်က ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒရေးဆွဲဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
2014-05-07
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တွေမှာ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင် ရွက်သွားဖို့ ဒီနေ့ သဘောတူလိုက်ကြပါတယ်။
2014-05-07
တရုတ်ပြည်ကို လူကုန်ကူးခံရပြီး၊ မေလ ၂ ရက်မနက်က သူတို့အလုပ်လုပ်ရတဲ့ ကျန်းရှီး ပြည်နယ် ကျီယန်းမြို့AG Sound Box စက်ရုံကနေပြန်လာတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက် တောင်ဘက် ငရုပ်ကောင်းမြို့နယ်ခွဲ ဘုရားချောင်း ရွာက ရွာသား ၁၅ ယောက်ဟာ မြန်မာနိုင်ငံ မူဆယ်မြို့ဘက် ကို မနေ့က မေလ ၆ ရက်ညမှာ ပြန်ရောက်လာပြီလို့စုံစမ်း သိရှိရပါတယ်။
2014-05-07
ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ အသိမ်းခံ လယ်တွေပြန်ရရေးတောင်းဆိုရာကနေ တရားစွဲ ခံထားရတဲ့ လယ်သမားတွေထဲက ကိုပေါက်စဆိုသူကို သဲကုန်းမြို့နယ်တရားသူကြီးက အာမခံ မပေးပဲ မနေ့ က ပေါင်းတည်ထောင်ကိုပို့ခဲ့ရာကနေ မိသား စုဝင်တွေ နဲ့ရဲတပ်ဖွဲ့ကြားရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ က အ ကြမ်းဖက် ဖြေရှင်းတဲ့အတွက် ကိုမာနော်ဆိုသူ အလွတ် သတင်းထောက်တစ်ဦး နဲ့ ဒေါ်ဝင်း ဆိုသူ လယ် သမား မိသားစုဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ပြီး ပေါင်းတည်ဆေးရုံတင်လိုက်ရတယ် လို့ သိရပါတယ်။
2014-05-06
KNU ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနေအိမ်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-05-06
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ "အာဆီယံ လူငယ်တွေ့ဆုံဆွေးနွေးပွဲ" မှာ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့တဲ့ လူငယ်တွေဟာ မနေ့က ညနေပိုင်းက ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းမီဒီယာတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2014-05-06
ကွယ်လွန်သူ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၅) နှစ်မြောက် မွေးနေ့အမှတ်တရ အဖြစ် စာတမ်းဖတ်ပွဲတခုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါ့ပြင် လာမယ့် သြဂုတ်လ ၁၉ ရက်နေ့၊ ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မတိုင်ခင်မှာ"ဆရာဒဂုန်တာရာ ဂူဗိမာန်" ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။ RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။
2014-05-06
လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ဦးဝင်းချိုကို အင်းစိန်အကျဉ်းထောင်ကနေ ထောင်ဝတ်စုံ နဲ့ သံခြေချင်းခတ် တရားရုံးထုတ်တာကို ကန့်ကွက်တဲ့အနေနဲ့ ဦးဝင်းချိုကို ထောက်ခံသူတွေက ကိုယ့်ကိုယ်ကို သံခြေချင်းခတ်ပြီး တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါ တယ်။
2014-05-06
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် လူထု လက်မှတ်ရေးထိုး ဆန္ဒ ဖော်ထုတ်ရေး ဟောပြောပွဲတွေကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ပူးတွဲပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ဟောပြောပွဲ ကျင်းပရေး NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့- ဗဟိုပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-05-06
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေ ပူးတွဲထုတ်ပြန်တဲ့ "မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ စစ်တမ်း" နဲ့ပတ်သက်ပြီး ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ဒီနေ့ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထာပါတယ်။
2014-05-06
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုးဝါးဆိုးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။