ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်း အန်အယ်လ်ဒီ ရေးဆွဲမည်
2014.05.07

အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံချက်ပေးနိုင်မယ့် ဥပဒေတစ်ခုကို လွှတ်တော် ကနေ ပြဌာန်းနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက်က ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒရေးဆွဲဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
အဲဒီလို မူဝါဒရေးဆွဲပြီးရင် လွှတ်တော်ကိုယ်စား လှယ်တွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးသွား မှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။
"အကောင်းဆုံးဝန်ဆောင်မှှုပေးနိုင်ဖို့ ကျနော်တို့က ကျန်းမာရေးအာမခံချက်ရေးဆွဲနေတယ် ၊ဥပမာပြောရမယ်ဆိုရင် ယိုးဒယားမှာရှိတဲ့ ကျန်းမာရေး အာမခံချက်ရှိတဲ့သူမှာတော့ အနည်းဆုံးဆေးကုသနိုင်တယ်၊စောစောစီးစီးဆေးကုသနိုင်တယ် အဲ့ဒါမျိုးပေါ့ နိုင်ငံတော် အဆင့် ကနေပြီး ပေါ်လစီတွေ၊ဘက်ဂျက်တွေနဲ့ ကျနော်တို့ စဉ်းစားပြီးတော့ ပညာရှင်တွေနဲ့ ကျနော်တို့ရေး ဆွဲနေတယ်၊ကျန်းမာရေးမူဝါဒကိုဝိုင်းဝန်းပြီးတော့ တချို့နေရာတွေမှာပြင်ဖို့၊ဖြည့်စွတ်ဖို့ အဲ့ဒါတွေကို ကျနော်ဝိုင်းဝန်းပြီးတော့ လုပ်ပေးတဲ့သဘောပဲ ချက်ချင်တော့တင်လို့ မရသေးဘူးပေါ့၊ တက်နိုင်တဲ့ကော်မတီ၊လွှတ်တော်ထဲမှာရှိတဲ့သူတွေ အဲ့ဒါတွေနဲ့ ကျန်းမာရေးကော်မတီတွေနဲ့ ညှိနှှိုင်း ပြီးတင်ဖို့လုပ်နေတယ်"
NLD အမျိုးသားကျန်းမာရေးကွန်ရက်အဖွဲ့ဟာ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မွန် စတဲ့ဒေသတွေမှာ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတာလည်း ရှိပါတယ်။ သူတို့ နယ်လှည့်တွေ့ရှိခဲ့တဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကိုအခြေခံပြီး အဲဒီမူဝါဒကို ရေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။