ဦးကိုကိုကြီး အခြေခံဥပဒေပြင်ဆင်ရေး
2014.05.06
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက် လူထု လက်မှတ်ရေးထိုး ဆန္ဒ ဖော်ထုတ်ရေး ဟောပြောပွဲတွေကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) ပူးတွဲပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ဟောပြောပွဲ ကျင်းပရေး NLD နဲ့ ၈၈ မျိုးဆက်အဖွဲ့- ဗဟိုပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံမေးမြန်းထားပါတယ်။