ဆရာကြီးဒဂုန်တာရာ မွေးနေ့အမှတ်တရ
2014.05.06
ကွယ်လွန်သူ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၅) နှစ်မြောက် မွေးနေ့အမှတ်တရ အဖြစ် စာတမ်းဖတ်ပွဲတခုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါ့ပြင် လာမယ့် သြဂုတ်လ ၁၉ ရက်နေ့၊ ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့မတိုင်ခင်မှာ"ဆရာဒဂုန်တာရာ ဂူဗိမာန်" ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ် လို့လည်း သိရပါတယ်။ RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားပါတယ်။