သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-05
နေပြည်တော် လွှတ်တော်မှာ ဘာတွေ ဆွေးနွေးနေကြသလဲ ဆိုတာကို တစ်နိုင်လုံးက ပြည်သူတွေ သိသင့်တဲ့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2012-09-05
လွှတ်တော်မှာ မကြာခင် အတည်ပြုဖို့ ဆွေးနွေးနေတဲ့ FDI ခေါ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းဟာ SME လို့ ခေါ်တဲ့ ပြည်ပက အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေ စိတ်ဝင်စားမှု ကျဆင်းစေနိုင်တဲ့ ကန့်သတ်ချက်တွေ ပါဝင်နေသလို ပြည်တွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာရေး အတွက်လည်း အဟန့်အတား ဖြစ်နေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။
2012-09-05
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ အမိမြေအတွက် ငြိမ်းချမ်းရေး (Peace for Motherland ) အဖွဲ့ဝင် ABSDF ကျောင်းသားတပ်မတော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်ခဲ့သူ ဦးထွန်းအောင်ကျော်ဟာ ABSDF မြောက်ပိုင်းဗျူရိုမှာ စပိုင်ဆိုပြီး ဖမ်းဆီးခံခဲ့ရသူများနဲ့ အသတ်ခံခဲ့ရသူများရဲ့ မိသားစုဝင်တွေနဲ့ ဒီကနေ့ရန်ကုန်မြို့ မီးရထားဟိုတယ်မှာ နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2012-09-05
စာရေးဆရာမ နှင်းပန်းအိမ်ရဲ့"ခေတ်ပြိုင်အမျိုးသမီးများကဏ္ဍ " အစီအစဉ်ဖြစ်ပါတယ်။
2012-09-04
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
2012-09-04
အစ္စလာမ် နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ ၆ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။
2012-09-04
အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခကြောင့် ဖားကန့်မြို့နယ်အတွင်း ဒေသခံပြည်သူတွေ လာရောက်ခိုလှုံနေကြတဲ့ ကယ်ဆယ်ရေး စခန်းတွေထဲက ငှက်ပျောတောရပ်ကွက် နှစ်ချင်း ခရစ်ယာန် အသင်းတော် ဒုက္ခသည်စခန်းက လူ ၇၀၀ ကျော်နဲ့ အိမ်ခြေ ၁၀၀ လောက်ဟာ ဒီကနေ့ နေ့လည် ၁၂ နာရီ လောက်ကစလို့ ရေဘေးဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။
2012-09-04
ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ဒုက္ခရောက်ရသူတွေ အတွက် နိုင်ငံတကာ အကူအညီကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ကြိုဆိုလိုက်ပါတယ်။
2012-09-04
လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို RFA က အပတ်စဉ် သောကြာနေ့ ညတိုင်းနဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း တင်ဆက်နေပါတယ်။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။
2012-09-04
မန္တလေးမြို့မှာ ခွင့်ပြုချက် ရယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူရဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပိတ်ပင်လိုက်ပေမယ့် သံဃာတော်တွေဟာ တတိယမြောက်နေ့ ဆန္ဒပြပွဲကို ဒီကနေ့ ဆက်လက် ဆင်နွှဲခဲ့ပါတယ်။
2012-09-04
ဒီကနေ့ ဖားအံမြို့မှာ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။
2012-09-04
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေ တိုး-လျော့ခြင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက ပေးပို့လာတဲ့ သဝဏ်လွှာကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး တင်ပြပြီးနောက် သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
2012-09-04
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီနဲ့ ကိုဌေးကြွယ်တို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
2012-09-04
မြန်မာနိုင်ငံကို လတ်တလော ပြန်ရောက်နေတဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်းတို့ဟာ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံပြီး တိုင်းရင်းသား ပြဿနာ ပြေလည်ရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
2012-09-04
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။