နိုင်ငံတော်သမ္မတ သဝဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်ပြု
2012.09.04
သမ္မတရုံး ဝန်ကြီး ဦးလှထွန်းနဲ့ ဦးစိုးမောင်တို့က ပြည်ထောင်စုဝန်ကြီး ဦးရေ အတိုး အလျော့၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းမှု၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဌာနကို ဖျက်သိမ်းမှုစတဲ့ ပြင်ဆင် တိုးလျှော့မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသလို ဦးဘရှိန်၊ ဒေါက်တာ မြတ်ဉာဏစိုးနဲ့ ဦးခိုင်မောင်ရည်တို့က သမ္မတရုံးဝန်ကြီး ခြောက်ဦးအထိ တားရှိခြင်းမှာ မလိုအပ်ဘဲ များပြားလှကြောင်း ကန့်ကွက် ဆွေးနွေးခဲ့ကြပေမဲ့ ထောက်ခံမဲ အများစုနဲ့ အတည်ဖြစ်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာဘဲ လွှတ်တော်ကရရှိတဲ့ တခြားသတင်းတစ်ပုဒ်အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်က ထပ်မံ ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်တွေကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထပ်မံကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။
သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းလိုက်တဲ့ ဦးနန္ဒကျော်စွာ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့ပါတယ်။ အဲဒီလို ကန့်ကွက်တဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ နေရာမှာ ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေကို စက်တင်ဘာလ ၃ ရက်နေ့က လွှဲပြောင်း ခန့်အပ်ခဲ့ပေမယ့် ဖွဲ့စည်းပုံခုံရုံးက ထပ်မံ ကန့်ကွက်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက တာဝန်ရှိသူတွေ နှုတ်ထွက်ပေးဖို့ လွှတ်တော်အမတ်တွေ တောင်းဆိုထားချိန်မှာ အဲဒီခုံရုံးရဲ့ လုပ်ဆောင်ချက်ကို စစ်ဆေးကြားနာဖို့ စုံစမ်းရေးကော်မရှင် ဖွဲ့နေတာကိုလည်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ကန့်ကွက်နေပြန်ပါတယ်။
ဒီအခြေနေ တချို့နဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |