သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-06
တူရကီနိုင်ငံ ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို အကူအညီပေးဖို့ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
2012-08-06
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
2012-08-06
သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့လှုပ်ရှားမှု သတင်းတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ မဖော်ပြကြဖို့ စာပေစိစစ်ရေးက ပိတ်ပင်လိုက်တဲ့အတွက် သတင်းဂျာနယ်၂ စောင်က သူတို့ ဂျာနယ် မျက်နှာဖုံးတွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေဖြန့်ချိပြီး ဆန္ဒထုတ်ဖော်လိုက်ပါတယ်။
2012-08-06
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း ပထမဆုံး တက္ကသိုလ်ကျောင်းသား သဟာယ အသင်းအဖြစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယ အသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းသား (၂၀) ကျော်နဲ့ စတင် ဖွဲ့စည်းလိုက်တယ်လို့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားတယ်။
2012-08-06
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။ ဒီခရီးစဉ်ဟာ သီတင်း (၂) ပတ် ကြာမြင့်မှာ ဖြစ်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းပို့ချရေး ခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။
2012-08-06
ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ဇနီး ဒေါ်ဝေေ၀သာတို့ ပါဝင်တဲ့ အဖွဲ့ဟာ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံကာ မယ်တော် ဆေးခန်းက လူနာတွေကို မြဝတီဆေးရုံနဲ့ မဲဆောက်ဆေးရုံတို့မှာ လွယ်ကူချောမွေ့စွာ လွှဲပြောင်းကုသ ပေးနိုင်ရေးအတွက် တနင်္ဂနွေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2012-08-06
ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် (၁၅) ဦးကို အာဏာပိုင်တွေက ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-08-06
NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ လွှတ်တော်တွင်း ဆွေးနွေးချက်တွေမှာ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-08-06
သတင်း မီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတရပ် ပေါ်ပေါက်မှသာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ ရနိုင်မှာဖြစ်တယ်လို့ မန္တလေးတိုင်း မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
2012-08-05
နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)က ပန်းချီ၊ ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့ ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။
2012-08-05
ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ၂၄ နှစ်မြောက် ၈ လေးလုံး အခမ်းအနားကို သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံတွေမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။
2012-08-05
ကမ္ဘာမှာ မူဆလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနိုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
2012-08-05
မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ရရှိရေးအတွက် မန္တလေးမြို့မှာ ရှိတဲ့ သတင်းထောက် စုစုပေါင်း အယောက် (၅၀) ကျော်ဟာ “မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press” စာတန်းပါ တီရှပ် အနက်ရောင်တွေကို ဝတ်ပြီး လူစည်ကားတဲ့နေရာတွေမှာ ဒီကနေ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ပါတယ်။
2012-08-05
အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂုတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်တယ်လို့ သိရပါတယ်။
2012-08-05
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။