လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့သမီး ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း မနေ့က တူရကီ ရုပ်မြင်သံကြားမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံထဲက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကြောင့် အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံနေရတယ်လို့ တူရကီ ဝန်ကြီးချုပ် မနေ့က ပြောဆိုကြောင်း တူရကီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မူဆလင်တွေရဲ့ ဥပုသ်လအတွင်း ဖြစ်နိုင်သမျှ အကူအညီ အထောက်အပံ့တွေကို ရိုဟင်ဂျာ မူဆလင်တွေအတွက် ပေးသွားမယ်လို့လည်း တူရကီ ဝန်ကြီးချုပ်က ပြောသွားပါတယ်။