သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ မီးလောင်မှုဖြစ်စဉ် အပေါ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်ထဲရေး ဝန်ကြီးဌာနက နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ မနေ့ည က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
2014-02-05
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသမှာ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၇၀၀ ကျော်ပြဿနာကို ဖြေရှင်းပေး ဖို့အတွက် ရာနဲ့ချီတဲ့ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
2014-02-05
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးရွာ အနောက်ဘက်မှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးကာရံနေတာကို ဒေသခံရွာသားတွေက ဒီကနေ့ မနက်က သွားရောက်တားမြစ်ရာက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရွာသား ၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
2014-02-05
မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ချေးယူခွင့်ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထဲက သန်း ၁၀၀ ကို ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီနေ့ ပြောလိုက်ပါတယ်။
2014-02-04
ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် နှုတ်ထွက်ပေးရေးအတွက် ဘန်ကောက်မြို့တော်ကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီးနောက် တနင်္ဂနွေနေ့က ရွေးကောက်ပွဲပြုလုပ် ပြီးစီးသွားပေမယ့် ထိုင်းနိုင်ငံရေး အခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က စုစည်းတင်ပြထားပါတယ်။
2014-02-04
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်က ကမောက်ကမ ဖြစ်ရပ်တွေကို သရော်ပြီး ကာတွန်းရေးသားရာမှာ ထင်ရှားတဲ့ ကွယ်လွန်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း အနှစ် ၉ဝ ပြည့် အထိမ်းအမှတ် ကာတွန်းပြပွဲကို ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာရှိတဲ့ Gallary 65 ပြခန်းမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ပြသခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-04
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ New Way ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2014-02-04
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က နန်းဆွယ်ကျေးရွာ အနီးမှာရှိတဲ့ ကယန်းမျိုးနွယ်စုဝင် ပဒေါင် တိုင်းရင်းသားတွေဟာ ထိုင်းအစိုးရက ပုံမှန်ပေးနေတဲ့ အထောက်အပံ့တွေ ဖြတ်တောက်လိုက်တဲ့အတွက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2014-02-04
မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား ရင်းနှီးမှု ပိုမိုရရှိဖို့နဲ့၊ သဟဇာတဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ဘာသာပေါင်းစုံက လူငယ်တွေ မန္တလေးမြို့က ခရစ်ယန်ဘုရားကျောင်းတွေ၊ မွတ်စလင်ဗလီတွေ၊ ဟိန္ဒူ ဘုရားကျောင်းတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က သွားရောက်လေ့လာခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-02-04
မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့အတွက် ဒီနေ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြန်လည်ရှင်းပြခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-02-04
မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံတစ်ရုံအကြောင်း ရေးသားဖေါ်ပြလိုက်တဲ့ UNITY JOURNAL ရဲ့ ဒေသခံသတင်းထောက် ကိုလူမော်နိုင် ကို ပခုက္ကူထောင်မှာ ပို့ထားသလို ၂ ရက်ကြာ ဖမ်းဆီးထိန်း သိမ်းထားတဲ့ ဇနီးသည် မလွင်လွင်မြင့်ကိုတော့ မနေ့က အင်္ဂါနေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။
2014-02-04
ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ဖွဲ့စည်းလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီသစ်နဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-02-04
ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၈ရက်နေ့က မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်။
2014-02-04
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ လေးစားလိုက်နာရေးနဲ့ အုပ်စုဖွဲ့ရမ်းကားမှုတွေ မပေါ်ပေါက်ဖို့ အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ လူမှုအဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောကြားလိုက်ပါတယ်။
2014-02-04
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာ က ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ၅၀၀ကျော်ဟာ လုပ်ခလစာတိုးပေးဖို့ နဲ့ နေ့စားအဖြစ်ကနေ လခစားအဖြစ် ပြောင်းလဲသတ် မှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုကြရာမှာ အလုပ်ရှင်နဲ့ ဒီနေ့ ပြေလည်မှုရရှိသွားပါတယ်။