စဉ့်ကိုင်မြို့နယ် သစ်စက်လုပ်သားများ အလုပ်ရှင်နဲ့ ပြေလည်မှုရရှိ


2014.02.04

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာက ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမား ၅၀၀ကျော်ဟာ လုပ်ခလစာတိုးပေးဖို့နဲ့ နေ့စားအဖြစ်ကနေ လခစားအဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုကြရာမှာ အလုပ်ရှင်နဲ့ ဒီနေ့ ပြေလည်မှုရရှိသွားပါတယ်။

အလုပ်သမားတွေဘက်က အချက် ၁၂ ချက် တောင်းဆိုထားတဲ့အနက် အလုပ်ရှင်ဘက်က မနေ့ကအထိ လုပ်ခလစာတိုးပေးဖို့နဲ့ နေ့စားကနေ လခစားဝန်ထမ်းတွေအဖြစ် ပြောင်းလဲပေးဖို့အချက်တွေကိုတော့ လိုက်လျောမှုမရှိခဲ့တဲ့အတွက် ဒီနေ့ စက်ရုံရှေ့မှာ ဆက်လက်တောင်းဆိုခဲ့ကြပါတယ်။

နေ့လည်ပိုင်းမှာတော့ အဲဒီအချက်နှစ်ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တယ်လို့ အဲဒီစက်ရုံရဲ့အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုဆန်းမင်းက ပြောပါတယ်။

“မနေ့တုန်းက အဲဒီနှစ်ချက်ကျန်တာတာလေ၊ ဒီနေ့မှာ သူဌေးရောက်လာပြီးတော့ အဲနှစ်ချက်ကို လိုက်လျောပေးပါတယ်၊ ပြေလည်သွားပြီ”

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ အလုပ်သမားတစ်ထောင်ကျော်လောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။