UNITY သတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ဖမ်းဆီးထား


2014.02.04

မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်တပ်ရဲ့ လျှို့ဝှက်စက်ရုံတစ်ရုံအကြောင်း ရေးသားဖေါ်ပြလိုက်တဲ့ UNITY JOURNAL ရဲ့ ဒေသခံသတင်းထောက် ကိုလူမော်နိုင်ကို ပခုက္ကူထောင်မှာ ပို့ထားသလို ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇနီးသည် မလွင်လွင်မြင့်ကိုတော့ မနေ့က အင်္ဂါနေ့ညမှာ ပြန်လွှတ်ပေးလိုက်တယ် လို့မိသားစုဝင်တွေကပြောပါတယ်။

ဒါ့အပြင် မလွင်လွင်မြင့်ရဲ့အကို မကွေးမြို့မှာနေထိုင်တဲ့ ကိုအောင်ကျော်ကျော်ကိုလဲ ပခုက္ကူခရိုင်ကိုမသွားဖို့ အာဏာပိုင်တွေက တားမြစ်ထားတယ်လို့သိရပါတယ်။

မလွင်လွင်မြင့်နဲ့ကိုအောင်ကျော်ကျော် ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး သံဃာ့ခေါင်းဆောင် ဆရာတော်အရှင် ဂမ္ဘီရရဲ့အကိုနဲ့ အမဖြစ်တဲ့အတွက် သူတို့ကိစ္စနဲ့ပတ်သက်လို့မိခင်ဒေါ်ရေးကို RFA ဝိုင်းတော်သားကို နေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။