သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-09
မြန်မာနိုင်ငံ လျှပ်စစ်ကဏ္ဍအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB က အမေရိကန်ဒေါ်လာ သန်း ၆၀ ကူညီ ချေးငှားမယ်လို့ သိရပါတယ်။
2013-12-09
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကေအဲန်ယူထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ဖါးအံခရိုင် လေးဝါး ခေါ် လော်ခီးလာနယ်မြေ မှာ စုဝေးပြီး အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက် ၁၁ ချက်အပေါ် ဆွေးနွေးကြမယ်လို့ ကေအဲန်ယူ ကရင် အမျိုးသားအစည်းအရုံးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-12-09
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ နဲ့ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံး က ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။
2013-12-09
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်နဲ့ နယ်မြို့တွေမှာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြော ပွဲတွေ ကျင်းပနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြော ပါတယ်။
2013-12-09
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်က မွတ်စလင်ဘာသာဝင် ဗလီအုပ်ချုပ်မှုကော်မီတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ နေအိမ်မှာ မနေ့ ည ၁၁ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗလီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2013-12-09
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်ဒေသတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းက ကျောင်းသားတွေအတွက် မန္တလေးမြို့က စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင် အုပ်ချုပ်သူ ဦးဝင်းနိုင်ဦးဆောင်တဲ့ ဆရာ ၇ ဦးအဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းကစပြီး ထောက်ကူသင်ကြားပေးနေ တယ်လို့ စုံစမ်းသိရပါတယ်။
2013-12-09
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေရာတွေပြန်ပေးဖို့ ဦးဆောင် ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော် တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံး က တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2013-12-09
ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံ World Innovation Summit for Health (WISH) တက်ရောက်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။
2013-12-08
ရခိုင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေး အတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရခိုင်အမျိုးသားခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ရာ ဒီဆွေးနွေးပွဲအပြီးမှာ ၂၀၁၄ ခုနှစ် ဧပြီလနောက်ဆုံး ရက်သတ္တပတ်မှာ ရခိုင်အမျိုးသား ညီလာခံကျင်းပဖို့ သဘောတူဆုံးဖြတ်ခဲ့ ကြပြီး ညီလာခံ ကျင်းပနိုင်ဖို့ ကော်မတီအသီးသီး ဖွဲ့စည်းခဲ့ကြတယ်လို့ သိရပါတယ်။
2013-12-08
နိုင်ငံရေး အကျိုးအမြတ်ရရှိဖို့အတွက် ဘာသာရေးကို အသုံးမချသင့်ဘူး၊ အလွဲသုံးစား မလုပ်သင့်ဘူးလို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေက ဒီနေ့ ဆွေးနွေး ဆုံးဖြတ်လိုက်ကြပါတယ်။
2013-12-08
မွန်တိုင်းရင်းသား နှစ်ပါတီပေါင်း စည်းရေးကော်မတီက အသစ်ဖွဲ့စည်းမယ့် မွန်ပါတီသစ်အမည်ကို မွန်အမျိုးသားပါတီနဲ့ မွန်တစ်မျိုးသားလုံးဆိုင်ရာ ဒီမိုကရေစီပါတီစတဲ့ နာမည်နှစ်ခု ကို ယာယီအနေနဲ့ ဒီနေ့သတ်မှတ်လိုက်ပါတယ်။
2013-12-08
လွှတ်တော် ကိုယ်စားလှယ်တွေအနေ နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ရရှိထားတဲ့ မြို့နယ်တစ်မြို့နယ်အတွက် ငွေကျပ်သိန်း တစ်ထောင်စီကို ကိုယ်စားလှယ်တွေ သုံးစွဲရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စိစစ်သုံးသပ် ဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ထားပါတယ်။
2013-12-08
နိုင်ငံရေးပါတီတွေ အသင်းအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ ပြင်ဆင်ဖို့ အကြံပြုချက်ပေါင်း ၂၅၀၀ ကျော် ပေးပို့ထားတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ ပါတယ်။
2013-12-08
အခုတစ်ပတ် ဆွေးနွေးပွဲစကားဝိုင်း အစီအစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ရေးအတွက် ခေါင်ဆောင်လေးဦး ဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အပေါ် တုန့်ပြန်မှုတွေကို ဦးခင်မောင်ညိန်းက စီစဉ်တင်ပြထားပါတယ်။
2013-12-07
လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ စာရင်း အရ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၄၄ ဦး ကျန်ရှိနေပြီး အဲဒီစာရင်းအတိုင်း ဒီဇင်ဘာလ မကုန်ခင် နိုင်ငံတော်သမ္မတဆီ တင်ပြမယ်လို့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ က ပြောပါတယ်။