ကမ္ဘာ့ကျန်းမာရေး ညီလာခံ တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ


2013.12.09
dassk-quatar-305.jpg ကာတာနိုင်ငံမှာ ကျင်းပမည့်ကမ္ဘာ့ကျန်းမာရေး ညီလာခံတက် ဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီဇင်ဘာလ ၉ ရက်နေ့က ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
photo: Internet

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ မနက်ဖြန် ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံ World Innovation Summit for Health (WISH) တက်ရောက်ဖို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ညီလာခံဖွင့်ပွဲနေ့ မှာ  "မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုများ" ခေါင်းစဉ်နဲ့ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

အဲ့ဒီ ကျန်းမာရေးတီထွင်မှုဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရဟာလည်း ဒီနေ့ မနက် ၆-နာရီလောက်က ကာတာနိုင်ငံကို ထွက်ခွါသွားပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။