သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-12
မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရနေတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
2023-01-12
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်ကူညီပေးနေတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားဖို့ရှိနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရှိသူ ကိုနဂါးကြီးက RFA ကိုပြောပါတယ်။
2023-01-12
စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာလို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်ကို David Eubank က ပြန်ပြောဆိုပါတယ်။
2023-01-12
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ပိတ်ထားခဲ့တဲ့ တံတားကို မူလက ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ကြေညာထားပေမယ့် ရှစ်လနီးပါးကြာမှ ပြန်ဖွင့်နိုင်ခဲ့တာပါ။
2023-01-12
ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် အုတ်ကျင်းဘူတာရုံလမ်းက ရေခဲ၊ ရေသန့်စက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ရပ်ကွက်အတွင်း နေထိုင်သူ အနည်းဆုံး အယောက် ၄ဝ လောက် ဆေးရုံတွေ ပို့ဆောင်ထားရတယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
2023-01-12
"မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးသွားမယ်” ဆိုပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောကြားခဲ့တဲ့အပေါ်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။
2023-01-12
အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။
2023-01-12
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိရောက်ရောက်ဟန့်တားကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်ပါတယ်။
2023-01-12
ကိုဗစ်ကြောင့် ၂ နှစ်ကျော်ပိတ်ထားတဲ့ မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်သုံးခုကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်လိုက်ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ လက်ရှိတရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်များနေတာကြောင့် ဆက်ပိတ်ထားပါတယ်။
2023-01-12
အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ရှေ့နေ ၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၂ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ၁၃ ဦးကတော့ ပြန်လွတ်လာခဲ့ပါတယ်။
2023-01-12
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ရွာနဲ့ ရှမ်းကုန်းရွာကို ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အရပ်သား သုံးဦး ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်မီးရှို့ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-12
ဒီကျောင်းမှာ မြန်မာနိုင်ငံဒေသအစုံက စွန့်ပစ်ခံ မိဘမဲ့ကလေး လသားအရွယ်ကနေ အသက် ၂၀ ကျော်အထိရှိပြီး ကလေးတွေရဲ့ ပညာရေးအတွက် ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းကိုပါ ပူးတွဲဖွင့်လှစ်ထားတာပါ။
2023-01-12
ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင် လမ်းမအနီးမှာ လေးဦး၊ သန်လျင်မြို့ ပဲခူးစုရပ်ကွက်မှာ နှစ်ဦးနဲ့ လမ်းမတော်မြို့နယ် အင်းဝအအေးဆိုင်အနီးမှာ ငါးဦး ဖမ်းဆီးခံရပြီး အများစုဟာ အသက် ၁၇ နှစ်ကနေ ၂၀ ကျော်အရွယ်တွေလို့ ဆိုပါတယ်။
2023-01-12
စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်နေရုံသာမက အိမ်နီးချင်းနိုင်ငံပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်နေတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ထိရောက်ပြင်းထန်စွာအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အိမ်နီးချင်းနိုင်ငံတွေကို ဇန်နဝါရီလ ၁၂ ရက်၊ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
2023-01-12
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ရပ်စဲနေတာ အချိန်တစ်လကျော်ရှိလာပေမယ့် စစ်ဘေးဒုက္ခသည် ကိုးသောင်းနီးပါးကတော့ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီလ ၁၁ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။