မဲစာရင်းစစ်တဲ့နေရာတွေကို မန္တလေး PDF သတိပေးတိုက်ခိုက်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.01.12

စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းစိစစ်နေသူတွေကို သတိပေးတဲ့အနေနဲ့ မန္တလေးမြို့ပေါ်က နေရာငါးနေရာကို NUG လက်အောက်ခံ No More Dictatorship မြို့ပြလှုပ်ရှားရေး PDF အဖွဲ့က မနေ့က သတိပေးဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်ကူညီပေးနေတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားဖို့ရှိနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရှိသူ ကိုနဂါးကြီးက RFA ကိုပြောပါတယ်။

၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုက တစ်ခဲနက်ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲနောက်တစ်ကြိမ် ပြန်ကျင်းပမယ့် လုပ်ရပ်ကို နိုင်ငံတကာက ဝေဖန်နေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပဖို့ စိုင်းပြင်းနေတာပါ။ ရပ်ကွက်တွေ ရွာတွေမှာလည်း မဲစာရင်းလိုက်လံကောက်တာတွေ လုပ်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG , ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU, ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA စတဲ့ လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။