သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းထောင် ၁၂ ခုကနေ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး ဒီနေ့ လွတ်မြောက်လာခဲ့ပါတယ်။
2013-12-11
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်ကို လူသုံးသောင်းဆံ့တဲ့ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပါတယ်။
2013-12-11
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေနေရာပိုင်ဆိုင်မှုအတွက် အဲဒီအနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ရုတ်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဆန္ဒပြနေသူတွေဘက်ကလည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း ဒီမြေနေရာပြဿနာကို ဖြေရှင်းပေးမယ်ဆိုရင် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။ RFA
2013-12-11
ဒီဇင်ဘာလ ၁ဝ ရက်၊ ဒီကနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနားစတဲ့ မြို့ကြီးအတော်များများမှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကို စုစည်းတင်ပြထားပါတယ်။
2013-12-11
ပျဉ်းမနားမြို့နဲ့ မိုင် ၆ဝ ကျော်အကွာ၊ ပြည်နယ်နဲ့တိုင်း သုံးခုဆုံရာ အရှေ့ရှမ်းရိုးမတောင်ပေါ်က "ကိုးတစ်" ကရင်မျိုးနွယ်စုတွေနေထိုင်တဲ့ "ကိုးတစ်ဖုန်းဆိုး" ကရင်တောင်ပေါ်ဒေသဟာ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးစတဲ့ အခြေခံဖွံ့ဖြိုးရေး စီမံကိန်းတွေ လိုအပ်နေပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-12-11
လက်ရှိ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး အခြေအနေနဲ့၊ ရှမ်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-11
ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူ့တန်ဖိုးကို လေးစားမှုအပေါ် မူတည် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2013-12-10
မြန်မာအစိုးရက ဓါတုဗေဒလက်နက်များ သုံးစွဲမှု ပိတ်ပင်တားဆီးရေး ပဋိညာဉ်ကို အတည်ပြုဖို့ပြင်ဆင်နေပြီလို့ RFA ကိုဒီကနေ့ ဗုဒ္ဓဟူးနေ့ မှာ ပြောဆိုလိုက်ပါတယ်။
2013-12-10
တရုတ်အလံမီးရှို့မှုနဲ့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးလို့ဆိုပြီး သာသနာကိုစော် ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ နော်အုန်းလှရဲ့ရှေ့နေက ပြောပါတယ်။
2013-12-10
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကို ကူညီခဲ့သူ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင် မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့က သူတို့ကို ၆ လတိတိ အမိန့်ချခြင်းမရှိဘဲ ဖမ်းဆီးထားတာကြောင့် ပေါင်းတည် အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဒီနေ့ နတ္တလင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် RFA ကို ပြော ပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဂရိတ်ဝေါ ဖိနပ်စက်ရုံနဲ့ ငွေပင်လယ်စက်မှုဇုန်က မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံတွေမှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေ ဆန္ဒပြနေကြပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်း ဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စ ကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြော ပါတယ်။
2013-12-10
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲနိုင်မှသာ တရားမျှတတဲ့ လူ့အခွင့်အရေး ထွန်းကားလာမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-10
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မှာရှိတဲ့ ဂန္ဓမာ Whole Sale ကုန်တိုက်က အလှပြင်ဆိုင်တစ်ဆိုင်မှာ မနေ့ကည ၁၂ နာရီခွဲဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံး ခဲ့ပါတယ်။
2013-12-09
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေနဲ့အတူ မြေမြှုပ်မိုင်းဆိုင်ရာ အစီအစဉ်တွေ စတင်နိုင်ကြောင်း CPI ခေါ် မြေမြှုပ်မိုင်း ရှင်းလင်းရေးဆိုင်ရာအဖွဲ့က ပြောပါတယ်။