ဂန္ဓမာကုန်တိုက် မီးလောင်မှု ၇ ဦး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဂန္ဓမာ Whole Sale ကုန်တိုက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ည ၁၂ နာရီခွဲ ဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့ ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဂန္ဓမာ Whole Sale ကုန်တိုက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့ည ၁၂ နာရီခွဲ ဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့ ပါတယ်။ (photo: ရဲဇာနည် facebook)

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ဂန္ဓမာ Whole Sale ကုန်တိုက်က အလှပြင်ဆိုင်တစ်ဆိုင်မှာ မနေ့ကည ၁၂ နာရီခွဲဝန်းကျင်က မီးလောင်ခဲ့တာကြောင့် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ ၇ ဦးမှာ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးဖြစ်ပြီး သေဆုံးသူအားလုံးဟာ မီးခိုးငွေ့ကြောင့် အသက်ရှူကြပ်ပြီး သေဆုံးတာဖြစ်နိုင်ကြောင်း မီးလောင်မှုကြောင့် ငွေကျပ်သိန်း ငါးဆယ်ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ကပြောကြောင်း သိရပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတစ်ဦးကို မရမ်းကုန်းမြို့မ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။