သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-15
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၈၇ ဦးရှိခဲ့ပြီး အဲဒီအထဲ ၄၄ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် သတင်းသမား ၄၃ ဦးကတော့ ဒီနေ့အထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။
2021-07-15
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲ တွေကြောင့် ထိုင်း-မြန်မာနယ်စပ်က ကရင်နီတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ် နယ်ထဲကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည် ဒီနေ့အထိ ၇၀၀ ကျော် ရှိပါတယ်။ သူတို့အတွက် နေထိုင်စရာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-07-15
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်းပေါ်က ကမ္ဘာ့ရတနာဘဏ်ကို ဒီနေ့ ဇူလိုင်လ ၁၅ ရက် မနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ လူတစ်စုက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-07-14
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ တတိယလှိုင်းဒဏ်ကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါပြီ။ ဒီအခြေအနေကို အာဏာသိမ်း စစ်ကောင်စီကလည်း မထိန်းချုပ်နိုင်ပဲ ဖြစ်နေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ဆိုင်ရာ အကျပ်အတည်းတွေ ကြုံနေရလို့ ဘဝရပ်တည်ရေး ခက်ခဲနေတဲ့အချိန်မှာ ကျန်းမာရေးအကျပ်အတည်းက အာဏာမသိမ်းခင် ကာလကထက် ပိုပြီးဆိုးနေပါတယ်။
2021-07-14
ရောဂါကူးစက်မှု တတိယလှိုင်းဖြစ်ပေါ်ချိန် မြန်မာနိုင်ငံမှာ အောက်ဆီဂျင် လိုအပ်ချက်တွေ များနေပါတယ်။ မြန်မာနိုင်ငံလိုပဲ အောက်ဆီဂျင် လိုအပ်ချက်တွေ များနေတဲ့ နိုင်ငံကတော့ အရှေ့တောင်အာရှမှာ ရောဂါကူးစက်မှု အများဆုံးဖြစ်နေတဲ့ အင်ဒိုနီးရှား နိုင်ငံမှာပါ။ သူ့နိုင်ငံမှာ အောက်ဆီဂျင်လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းနေပါသလဲ။ တဆက်တည်း ရောဂါတိုက်ဖျက်ရေးအတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ....။
2021-07-14
ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်ပြီး တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က စစ်ကောင်စီ တပ်ဖွဲ့တွေကနေ သူတို့ KNU နယ်မြေကို ခိုလှုံရောက်ရှိလာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အကူအညီ သုံးမျိုးပေးအပ်နေကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးပါဝင်မယ့် Generation Z ခေါ် လူငယ်မျိုးဆက်သစ်တွေကိုလည်း စစ်သင်တန်းတွေ ပေးနေကြောင်း ... စသဖြင့် RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
2021-07-14
မြန်မာစစ်တပ်ကိုယ်စား နိုင်ငံတကာမှာ ရပ်တည်ပြောဆိုပေးဖို့ အကျိုးဆောင်အဖြစ် ငှားရမ်းထားတဲ့ အစ္စရေးနဲ့ ကနေဒါနိုင်ငံသား Ari Ben-Menashe က မြန်မာစစ် ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရေးကောင်းမွန်နေတယ်ဆိုပေမယ့် သူတို့အတွက် လုပ်ပေး မယ့် လုပ်ငန်းတွေကိုတော့ ရပ်နားထားတယ်လို့ ဆိုပါတယ်။
2021-07-14
မြန်မာနိုင်ငံမှာ တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ အများဆုံးအဖြစ် ဇူလိုင်လ ၁၄ ရက်နေ့ တစ်နေ့တည်းမှာတင် ၇ဝ၈၃ ယောက်အထိ စံချိန်တင် တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် တစ်ရက် အတွင်း ၁၄၅ ယောက် ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
2021-07-14
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဆက်လက် ဖြစ်ပေါ်နေစေတဲ့ အကြောင်းတွေကို ရပ်တန့်အောင် နိုင်ငံတကာက အရေးပေါ် ကူညီဆောင်ရွက်ဖို့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မနေ့က ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
2021-07-14
ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ သေဆုံးသူဟာ နေ့စဉ် ၅၀၀ ထက်မနည်း ရှိနေပြီး အဲဒီအထဲက ၉၅ ရာခိုင် နှုန်းဖြစ်တဲ့ လူပေါင်း ၄၅၀ ခန့်ဟာ အောက်ဆီဂျင် ပြတ်ပြီး သေဆုံးရတာလို့ ပရဟိတလူမှုအသင်းအဖွဲ့တွေက ပြောပါတယ်။
2021-07-14
တောင်ကြီးမြို့ပေါ်က လျှပ်စစ်ရုံး EPC အနီးမှာ ဒီနေ့ ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီ ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-07-14
ရခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲခံနေရတဲ့ ရခိုင်ပြည် နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာသားတွေကို နှစ်နှစ်ကျော်ကြာတဲ့အထိ အမိန့်မချသေးပါဘူး။ မိသားစု တွေဟာ အခုလက်ရှိ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး အမှုရင်ဆိုင်နေရသူတွေကိုတောင် သွားမတွေ့နိုင်ဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2021-07-14
ကိုဗစ်-၁၉ ကြောင့် ပိုးတွေ့ရှိနှုန်း၊ သေဆုံးနှုန်းတွေများလာတဲ့ ချင်းပြည်နယ်မှာ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်ပရောက် ချင်းတိုင်းရင်းသားတွေရဲ့ လှူဒါန်းမှုတွေနဲ့ မြို့နယ်ကျေးရွာတွေအလိုက် ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်နေကြရပါတယ်။
2021-07-14
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဆိုင်ကယ်စီးရင်း စစ်ကောင်စီတပ်တွေက သေနတ်နဲ့ အပစ်ခံလိုက်ရလို့ သေဆုံးခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်မင်းလတ်ရဲ့ မိသားစုဝင်တွေကို အမှုပိတ်ကြောင်း အသိမှတ်ပြု လက်မှတ်လာထိုးဖို့ စစ်ကောင်စီတပ်တွေက မနေ့က ဇူလိုင် ၁၄ ရက်မှာ သုံးခါတိတိ အိမ်ကိုလာခေါ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-14
မန္တလေးတိုင်း မြစ်ငယ်မြို့ အောင်ချမ်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချို ဟာ ဒီကနေ့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ ဆိုင်ကယ်စီးလာသူနှစ်ယောက် သေနတ် နဲ့ အပစ်ခံရလို့ သေဆုံးသွားပါတယ်။