Gen Z တွေကို စစ်သင်တန်းပေးနေပြီး NCA ကို လက်မခံကြောင်း KNU ခေါင်းဆောင်တစ်ဦး ပြော
2021.07.14
ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တဦးဖြစ်ပြီး တပ်မဟာ ၅ ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က စစ်ကောင်စီ တပ်ဖွဲ့တွေကနေ သူတို့ KNU နယ်မြေကို ခိုလှုံရောက်ရှိလာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အကူအညီ သုံးမျိုးပေးအပ်နေကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးပါဝင်မယ့် Generation Z ခေါ် လူငယ် မျိုးဆက်သစ်တွေကိုလည်း စစ်သင်တန်းတွေ ပေးနေကြောင်း၊ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သူတို့ KNU ခေါင်းဆောင် အများအပြားက ယုံကြည်လက်ခံခြင်း မရှိကြောင်း၊ CRPH, NUG နဲ့ သူတို့တိုင်းရင်းသား EAOs တွေ ထိထိရောက်ရောက် ပူးပေါင်းနိုင်မယ်ဆိုရင် နွေဦးတော်လှန်ရေး မုချ အောင်မြင်မှာဖြစ်ကြောင်းနဲ့ လက်ရှိမှာ CRPH နဲ့ NUG အစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှုကို တိုင်းရင်းသား အဖွဲ့တချို့က စောင့်ကြည့် အကဲခတ်နေကြောင်း စသဖြင့် RFA ကို မနေ့က ပြောကြားလိုက်ပါတယ်။
ပဒိုမန်းမန်း ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။