သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-15
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးနေကြပါတယ်။
2021-02-15
မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ် ၁ အနီးမှာ ဆန္ဒပြနေတဲ့သူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
2021-02-15
အာဏာသိမ်းတပ်မတော်က ဖွဲ့စည်းထားတဲ့ အရပ်သား ၈ ဦးပါ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပြီး CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေ ဖော်ထုတ်အရေးယူရေး၊ ၂ဝ၂ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို အရေးယူရေး… စတာတွေကို ဆွေးနွေးခဲ့တယ်ဆိုပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
2021-02-15
ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲနဲ့ စစ်တပ်က ဝန်းရံပိတ်ဆို့ပြီးတဲ့နောက် အသက် ၁၈ နှစ်အောက် ကလေးတွေအပါအဝင် ကျောင်းသူ၊ ကျောင်းသား ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2021-02-15
တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ မရှိသလောက်ဖြစ်လာသလို လူတွေကလည်း ရောဂါပိုးထက် အာဏာရှင် ဆန့်ကျင်ရေးကို ပိုပြီး အာရုံစိုက်နေတာ တွေ့ရပါတယ်။
2021-02-15
ပြည်လုံးကျွတ်ဆန္ဒပြပွဲမှာ လူသိန်းသန်းချီ လမ်းမပေါ် ထွက်နေကြပေမယ့် စည်းကမ်းရှိတာ၊ စနစ်ကျတာ၊ သန့်ရှင်းတာ တွေ့နေရပါတယ်။
2021-02-15
တပ်မတော်က အာဏာသိမ်းတဲ့ ၁၅ ရက်မြောက် ဒီနေ့မှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နေရာဒေသ အတော်များများမှာ စစ်တပ်က တင့်ကားတွေ၊ အချုပ်ကားတွေ၊ ရဲကားတွေ အင်အားပြထားပေမယ့် အရင်နေ့တွေ ကလိုပဲ ပြည်သူတွေအင်တိုက်အားတိုက် ဆက်ပြီး နည်းမျိုးစုံနဲ့ ဆန္ဒပြနေကြပါတယ်။
2021-02-15
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီရုံးချုပ်ကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက ဝိုင်းထားပြီး ရုံးတံခါးဖွင့်ပေးဖို့ တပ်မတော်ဘက်ကပြောပေမယ့် ပါတီတာဝန်ရှိသူကတော့ ဖွင့်ပေးဖို့ ငြင်းဆန်ထားပါတယ်။
2021-02-15
ရဲတပ်ဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအတွင်းကို ဝင်ရောက်ပြီး NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်းဖြစ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တွေလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မေဝင်းမြင့်ကို ရှာဖွေခဲ့ပါတယ်။
2021-02-15
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့တွေဟာ စစ်ကောင်စီကို ဆန့်ကျင်ကြဖို့နဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းမပေါ်မှာရှိတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
2021-02-15
ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ ကျောင်းသားစစ်ကြောင်းကို ရဲနဲ့စစ်တပ်က ဝိုင်းရံပိတ်ဆို့ပြီး ကျောင်းသူကျောင်းသား အယောက် ၃၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2021-02-15
စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာနဲ့ ဖိအားပေးတာတွေရှိနေပေမယ့် အစိုးရယန္တရားရပ်သွားအောင် ဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မြန်မာ့မီးရထား (မန္တလေး) က ဝန်ထမ်း ဦးဝင်းကိုဦး ကပြောပါတယ်။
2021-02-15
ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရသူတွေထဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ သားငယ် ဦးတိုးနိုင်မန်း လည်း ပါဝင်တယ်လို့ သိရပါတယ်။
2021-02-15
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မနေ့ညက အဖမ်းခံရတဲ့ သတင်းသမား ငါးဦးကို ခံဝန်ကတိလက်မှတ်ထိုးပြီး နေ့လယ်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
2021-02-15
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တရားစွဲဆိုခံထားရတဲ့အမှုအတွက် တရားရုံးမှာ ကြားနာစစ်ဆေးမှုကို ဗီဒီယို ကွန့်ဖရန့်နဲ့သာ ပြုလုပ်သွားမယ်လို့ သိရကြောင်း အမှုကို လိုက်ပါဆောင် ရွက်တဲ့ တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။