မန္တလေးမြို့ဆန္ဒပြသူတွေ ပစ်ခတ်ဖြိုခွင်းခံရ

2021.02.15

မန္တလေးမြို့၊ မြန်မာ့စီးပွားရေးဘဏ် ၁ အနီးမှာ ဆန္ဒပြနေတဲ့သူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

သေနတ်ပစ်ဖောက်နှိမ်နင်းခဲ့ပြီး ဆန္ဒပြပြည်သူတွေနဲ့ သတင်းယူနေတဲ့သတင်းထောက်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဆဲဆိုခဲ့သလို လေးခွနဲ့ ပစ်တာတွေလည်းရှိခဲ့ပါတယ်။ သတင်းထောက်တစ်ယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အခင်းဖြစ်နေရာအနီးက အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲရုံးရဲ့ ပြတင်းပေါက်မှန်ကို ကျည်ဆံထိမှန်ခဲ့ပြီး ကျည်ဆံကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမယ့် ရိုက်နှက်ခံရသူတွေရှိခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေထဲက တဦးဖြစ်တဲ့ ကိုဇော်မင်းလေးက အဖြစ်အပျက်ကို ပြန်ပြောပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။