ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဆူးလေက စည်ပင်ရုံးရှေ့မှာ ဆန္ဒပြ

2021.02.15
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့တွေဟာ စစ်ကောင်စီကို ဆန့်ကျင်ကြဖို့နဲ့ ပြည်သူ့ ဝန်ထမ်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ ဗိုလ်တစ်ထောင်မြို့နယ် ကုန်သည်လမ်းမပေါ်မှာ ရှိတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
 
CDM လှုပ်ရှားမှုမှာ မပါဝင်ဘဲ လက်ရှိအချိန်အထိ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို ပါဝင်လာဖို့ ရည်ရွယ် လုပ်ဆောင်တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောပါတယ်။
 
စည်ပင်သာယာရေးကော်မတီ ၁၂ ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနဲ့ ရေပေးဝေရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးစိန်အုန်းကလည်း အားပေးစကားပြောကြားခဲ့ပါတယ်။
 
ဒီနေ့ တောင်းဆိုဆန္ဒပြလှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်း ၁၀ ကျောင်းက သမဂ္ဂအဖွဲ့ဝင် ၂၀၀ ကျော် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။