CDM မှာ ပါဝင်သူတွေကို အနုပညာရှင်တွေ ငွေကြေးထောက်ပံ့
2021.02.15
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အစိုးရ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးနေကြပါတယ်။
ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေကို တဆင့်ပြန်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် ဒီကနေ့မှာတော့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ဗဟိုဘဏ် ဝန်ထမ်းအိမ်ရာကို လှူဒါန်းဖို့ သွားရောက်ခဲ့ကြတာပါ။
အဲ့ဒီကဝန်ထမ်းတွေကတော့ လတ်တလောမှာ စားဝတ်နေရေးအဆင်ပြေသေးတာကြောင့် အလှူငွေတွေကို လက်မခံခဲ့ဘဲ စားဝတ်နေရေး အခက်အခဲဖြစ်လာရင်တော့ အနုပညာရှင်တွေကို ဆက်သွယ်မယ်လို့ ပြောခဲ့ပါတယ်။