သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-02-14
မွန်ပြည်နယ် ကျိုက်ထိုကနေရန်ကုန်ဘက်ကိုဦးတည် လာတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ပဲခူးမြို့က သပိတ်မှောက်ကျောင်းသားတွေပူးပေါင်းပြီး မနေ့ညက ပဲခူးမြို့မှာလှည့်လည်ဟော ပြောခဲ့သလို ပြည်သူလူထုကလဲ မြို့လုံးကျွတ် နီးပါးကြိုဆိုခဲ့ကြပါတယ်။
2015-02-13
သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန် မဝင်နိုင်အောင် ဥပဒေအရဆောင်ရွက်မယ် လို့ အစိုးရက မနေ့ညက ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-02-13
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၁၈ဝဝ နီးပါးဟာ အခြေခံ လုပ်ခလစာ ကျပ်သုံးသောင်းတိုးမြှင့်ပေးဖို့အတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-02-13
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်ကျခံနေရစဉ်က အသုံးပြုခဲ့တဲ့ ခြံဝင်း တံခါးနဲ့ အိမ်နံပါတ်ပြားဟောင်းကို ဈေးပြိုင်စနစ်နဲ့ လေလံ ဆွဲနေရာမှာ ဒီနေ့ ကျပ်သိန်းငါးထောင်နဲ့ ဝယ်ယူသူရရှိ ပြီး လေလံပိတ်လိုက်ပြီဖြစ်ပါတယ်။
2015-02-13
အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေဟာ သပိတ်ကို ဒီနေ့ရပ်နားပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အခမ်း အနားတွေ ကျင်းပကြပါတယ်။
2015-02-13
ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ခဲ့တာဟာ ကလေးတွေအနေနဲ့ ဗိုလ်ချုပ်အောင် ဆန်းရဲ့စိတ်ဓါတ်ကို အတုယူစေချင်လို့ သတ်မှတ်ခဲ့ တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့ မှာကျင်းပတဲ့ ကလေးများနေ့ အခမ်းအနားမှာ ပြောပါတယ်။
2015-02-13
ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်မှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်း ခြံကို ဖွင့်လှစ်ခဲ့ပါတယ်။
2015-02-13
ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြုချင်ရင် သူဖြစ်စေချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံဖြစ်အောင် အားလုံးကဝိုင်းကြိုးစား ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့ပါတယ်။
2015-02-13
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို နတ်မောက်မြို့ နတ်မောက်-ပျော်ဘွယ် ကားလမ်းဘေးက ဗိုလ်ချုပ်ကြေးရုပ်ကွင်းမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2015-02-13
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေ တဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ် ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-02-13
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားတွေတောင်းဆိုထားတဲ့ အချက် ၁၁ ချက်လုံးကို လေးပွင့်ဆိုင်ဆွေးနွေးပွဲက မူအားဖြင့် သဘောတူလိုက်ပေမဲ့ လွှတ်တော်မှာသဘောတူပြီး သမ္မတက လက်မှတ်ထိုးမှ စိတ်ချယုံကြည်ရမှာဖြစ်တဲ့အတွက် သပိတ်မလှန်သေးဘူးလို့ ပဲခူးတိုင်း ပေါင်းတည်မြို့မှာ ရောက်နေတဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2015-02-13
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ပွဲ ကျင်းပနေတဲ့ နတ်မောက်မြို့ကို ရွှေပါရမီတောရ ဆရာတော် ရှင်ဆန္ဒာဓိက လည်း ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။
2015-02-13
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူလိုက်ပါတယ်။
2015-02-13
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် ၅ ချက်ကို လက်မှတ်ရေးထိုး လိုက်ကြပါတယ်။
2015-02-12
မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ မိန့်ခွန်းတွေဟာ ဒီနေ့ခေတ်ထိ ထင်ဟပ်နေပါတယ်။