သပိတ်မှောက်ကျောင်းသားတွေ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲ ဆင်နွှဲ


2015.02.13
students-ayeyarwaddy-305.jpg ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်း ပုသိမ်မြို့ကနေ ချီတက်လာစဉ်
Photo: ဧရာဝတီ သပိတ်စစ်ကြောင်း

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေဟာ သပိတ်ကို ဒီနေ့ရပ်နားပြီး ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် အခမ်းအနားတွေ ကျင်းပကြပါတယ်။

ဗိုလ်ချုပ်ရာပြည့်ပွဲကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ကျိုက်လတ်မြို့မှာ 'အောင်ဆန်းမျိုးဆက်' လို့ နံမည်ပေးထားတဲ့သံချပ်နဲ့ ဂုဏ်ပြုဖျော်ဖြေခဲ့တယ်လို့ ဧရာဝတီသပိတ်စစ်ကြောင်းက ကိုအောင်အောင်ကျော်က ပြောပါတယ်။

'"မအူပင်မှာတော့ ကျနော်တို့ မတက်ခဲ့ဘူး၊ ကျိုက်လတ်မှာတော့ ဗိုလ်ချုပ်ရာပြည့်ပွဲကို ဒီကကျောင်းသားတွေ ညကအရေးပေါ် သံချပ်တိုက်ပြီးတော့ အောင်ဆန်းမျိုးဆက်ဆိုတဲ့ သံချပ်နဲ့ ဗိုလ်ချုပ်ရာပြည့်ပွဲကိုပါ ဝင်ပြီးကျင်းပခဲ့ကြတယ်ပေါ့"

ဧရာဝတီသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေဟာ ကျိုက်လတ်မြို့ကနေ ဖျာပုံမြို့ကို ဆက်လက်ချီတက်မှာဖြစ်ပါတယ်။

အလားတူ ပေါင်းတည်မြို့ကို ရောက်ရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသား ကျောင်းသူတွေက ပေါင်းတည်မြို့ခံတွေကျင်းပတဲ့ ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့်နေ့အဖြစ် ဗိုလ်ချုပ်နေထိုင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်ကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် ဒီကနေ့ ဖွင့်လှစ်ထားရှိပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။