လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်
2015.02.13
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာကျင်းပတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီလိုက်တာဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်အသေးစိတ်ကို လုပ်ငန်းညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းပြီး ဆက်လက်ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ မဝေယံမိုးမြင့်က တင်ပြထားပါတယ်။