ရန်ကုန်ဘက်ကိုဦးတည်လာတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ပဲခူးမြို့က သပိတ်မှောက်ကျောင်းသားတွေ ပူးပေါင်း
2015.02.14
မွန်ပြည်နယ် ကျိုက်ထိုကနေရန်ကုန်ဘက်ကိုဦးတည်လာတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ပဲခူးမြို့ကသပိတ်မှောက်ကျောင်းသားတွေပူးပေါင်းပြီး မနေ့ညက ပဲခူးမြို့မှာလှည့်လည်ဟော ပြောခဲ့သလို ပြည်သူလူထုကလဲ မြို့လုံးကျွတ်နီးပါး ကြိုဆိုခဲ့ကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် တောင်ငူခရိုင်က ကိုဖြိုးဓန ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။