သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-09
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ White Card လို့ခေါ်တဲ့ အဖြူရောင်ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်မပြုဖို့ ထောင်နဲ့ ချီတဲ့ ဒေသခံတွေက ဒီနေ့ ရခိုင်ပြည်နယ် မြောက်ဦး မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-02-08
ဟောင်ကောင်မှာ အိမ်ဖေါ်အဖြစ် သွားရောက်အလုပ်လုပ်မယ့် မြန်မာနိုင်ငံက အမျိုးသမီး ၁၉ ယောက်ကို လာမယ့်သတင်းပတ်မှာ ပထမဆုံးစေလွှတ်ဖို့စီစဉ်နေပြီလို့သိရပါတယ်။
2014-02-08
RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်တို့ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူ မြို့တော်မှာ လုပ်ကြံတိုက်ခိုက်ခံရပြီးနောက်ပိုင်း၊ သေနတ်သမား တရားခံတွေကို စုံစမ်းဖော်ထုတ်နေမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ကွာလာလာမ်ပူမြို့အခြေစိုက် ရခိုင်လူမှုကူညီရေးအဖွဲ့ ဒုတိယ ဥက္ကဌ ဦးသန်းဌေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-02-08
ဒီနေ့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ အရင်စစ်အစိုးရလက်ထက်က သိမ်းထားတဲ့လယ်ယာမြေဧက တစ်သောင်းကျော် ပြန်ပေးဖို့အတွက် တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်တွေက လယ်သမား ၁၈၀ လောက် က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-02-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က မြန်မာနိုင်ငံသား အားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် တမျိုးသားလုံး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေမူကြမ်းတစ်ခု ပြဌာန်းနိုင်အောင် ကြိုးပမ်းနေကြောင်း ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဒီနေ့ ပြောလိုက်ပါတယ်။
2014-02-08
မြန်မာလူငယ်တွေနဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင် နိုင်ငံတွေက လူငယ်တွေရဲ့ နှီးနှောဖလှယ်ပွဲ ကို လာမယ့် မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူငယ်ကွန်ဂရက်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-02-08
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။
2014-02-08
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ အကြီးတန်း အကြံပေးအရာရှိ Ms. Judith Beth Cefkin နဲ့ အမေရိကန် သံရုံး အရာရှိတွေဟာ ဒီနေ့ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဗဟိုဌာနချုပ်မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2014-02-08
RFA အဖွဲ့သား ကိုကျော်မင်းထွန်း အပတ်စဉ် စီစဉ်တင်ဆက်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၊ မွေးရေနဲ့ ကျေးလက်ဒေသဖွ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်တို့ရဲ့ ပြောကြားချက်တွေကို စုစည်းတင်ပြထားပါတယ်။
2014-02-08
ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆ဝ ပြည့် အထိမ်းအမှတ် ဂျပန်ကုန်ပစ္စည်းပြပွဲတခုကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းက တပ်မတော်ပြခန်းနဲ့ မိုင်ဒါအားကစားကွင်းမှာ ဒီနေ့ကစပြီး လေးရက်ကြာ ပြသနေပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2014-02-08
အရင်က သွားလာရေးအလွန်ခက်ခဲပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ကယားပြည် ရှားတောမြို့ နယ်မှာ အစိုးရနဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အခြေအနေတွေ တည်ငြိမ်အေးချမ်းလာပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာပါတယ်။
2014-02-08
နေပြည်တော် ရတနာသင်္ဂဟဟိုတယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျင်းပခဲ့တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အစည်းအဝေးကနေ အချက် ၇ ချက်ပါ ကြေညာချက်ကို ထုတ်ပြန် လိုက်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက်၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကော်မရှင်မှာ လူမျိုးပေါင်းစုံဒေသပေါင်းစုံက ပါဝင်ဖို့ အရေးကြီးတယ်လို့ ဒီကြေညာချက်မှာ ပါရှိပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-02-08
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တဲ့ ရခိုင် တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ဟာ ဖေဖော်ဝါရီလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ညက ကွာလာလမ်ပူမြို့မှာ သေနတ်သမားတွေက ပစ်ခတ်လုပ်ကြံတာ ကို ကြုံတွေ့ခဲ့ရပါတယ်။ ဦးအေးသာအောင်နဲ့ အဖွဲ့ဟာ ဒီနေ့မနက်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-07
၈၈ လူထုအုံကြွမှု အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိနေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်ကြီးဟာ အင်္ဂါနေ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က သတ်ဖြတ်ခံခဲ့ရပါတယ်။
2014-02-07
၆၇ ကြိမ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချူပ်ရှိရာ လွယ်တိုင်းလျန်းမှာ မနေ့က ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။