ရခိုင်ခေါင်းဆောင်တွေ မလေးရှားမှာ ပစ်ခတ်ခံရမှု
2014.02.08
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ဟာ ဖေဖော်ဝါရီလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ညက ကွာလာလမ်ပူမြို့မှာ သေနတ်သမားတွေက ပစ်ခတ်လုပ်ကြံတာ ကို ကြုံတွေ့ခဲ့ရပါတယ်။ ဦးအေးသာအောင်နဲ့ အဖွဲ့ဟာ ဒီနေ့မနက်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး နောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။