သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-08
ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ရဖို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2021-01-08
ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တပ်မတော်ဘက်က တောင်းဆိုနေပေမယ့် လုံခြုံရေးဆိုင်ရာ အာမခံချက်တော့ ပေးထားတာမရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-01-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စုံစမ်းစစ်ဆေးနေပြီလို့ မိသားစုက ဒီနေ့ပြောပါတယ်။
2021-01-08
နိုင်ငံတော် သမ္မတကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားစွဲဆို တိုင်ကြားဖို့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေဟာ နိုင်ငံရေး ဆွဲကြိုးချတာမျိုး ဖြစ်လိမ့်မယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ပြောလိုက်ပါတယ်။
2021-01-08
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိတယ်၊ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ရွေးကောက်ပွဲပြီးနောက် ၂ လကြာတဲ့အထိ မြို့နယ်အလိုက် မဲစာရင်းအချက်အလက်တွေကို တပ်မတော်ဘက်က ထုတ်ပြန်နေပါတယ်။
2021-01-08
ရခိုင်ပြည်နယ် မြောက်ဦးကနေ မလေးရှားသွားဖို့ ရန်ကုန်ကိုရောက်လာတဲ့ ရိုဟင်ဂျာ ၉၉ ဦးကို ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ရာမှာ အမျိုးသမီး ငါးဦးမှာ ပိုးတွေ့ခဲ့ပါတယ်။
2021-01-08
ကပ်ရောဂါကာလအတွင်း ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖော် နေတဲ့အတွက် ကယားပြည်နယ်ထဲ ရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်ရာမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့သူတွေ ရှိလာလို့ ပိုးကူးစက်နှုန်း များလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2021-01-08
ဂျပန်နိုင်ငံက အဖျော်ယမကာ ကုမ္ပဏီဖြစ်တဲ့ Kirin ကုမ္ပဏီအနေနဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နဲ့ ပူးတွဲလုပ်ကိုင်နေတာတွေကို ချက်ချင်းရပ်တန့်လိုက်ဖို့ ဦးပိုင်ကုမ္ပဏီအကြောင်း စုံစမ်းစစ်ဆေးထားတာတွေကို လည်း အများသိအောင် ထုတ်ပြန်ဖို့ လူ့အခွင့်အရေးအဖွဲ့ တွေဖြစ်တဲ့ Human Rights Watch နဲ့ Justice For Myanmar အဖွဲ့က ဒီနေ့ထပ်မံ တောင်းဆိုလိုက်ပါတယ်။
2021-01-07
NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အဂတိတိုက်ဖျက်ရေး ကော်မရှင်ထက် အရေးယူမှုတွေ ပိုလုပ်နိုင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2021-01-07
ထိုင်းနိုင်ငံမှာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား၊ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပြီး ပိုးတွေ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ထောင်ကျော်လောက်ကို ယာယီကုသဆောင်မှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။
2021-01-07
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ ပြည်သူတွေ ပါဝင်လှူဒါန်းမှု များပြားလာနေတဲ့အတွက် အစိုးရအနေနဲ့ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍကနေ ကာကွယ်ဆေး ဝယ်ယူထိုးနှံဖို့ အကူအညီရယူရန် မလိုအပ်တော့ဘဲ အလုံအလောက် ဆောင်ရွက်နိုင်မယ့် အခြေအနေကို ရောက်ရှိလာနေတယ်လို့ ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီးတဦးက ပြောပါတယ်။
2021-01-07
၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဥပဒေ လမ်းကြောင်းအရ တရားစွဲဆိုတာဟာ အောင်မြင်နိုင်မယ့် အလားအလာ မရှိဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောလိုက်ပါတယ်။
2021-01-07
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်ကန်က ကန်ပတ်လမ်းဖောက်တဲ့ စီမံကိန်းမှာ အာဏာပိုင်တွေနဲ့ လယ်သမားတွေ မြေယာအငြင်းပွားမှု ဖြစ်နေပြီး ကန့်ကွက်ဆန္ဒပြတဲ့ တောင်သူ ငါးယောက်ကို ဒီနေ့ဖမ်းလိုက်ပါတယ်။
2021-01-07
အီရန်မှာ အဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ယောက် ပြန်လည်လွတ်မြောက်ရေးအတွက် သံတမန်နည်းအရ ကြိုးပမ်းနေတယ်လို့ မြန်မာအစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။
2021-01-07
ဒေသန္တရအမိန့် ဖောက်ဖျက်လို့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံရတဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်သမား ၃၂ ယောက်စလုံးကို မြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။