သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-16
ရခိုင်ပြည်နယ်မှာ ဒုတိယလူဦးရေအများဆုံးဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းကို ရက္ခိုင့်တပ်တော် (AA/ULA) ရဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်လာဖို့ကြိုးပမ်းနေ ကြောင်း အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက် မနေ့က ပြောလိုက်ပါတယ်။
2021-08-15
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဦးပညာသီဟ ခေါ် ရွှေညဝါဆရာတော်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ မထုတ်ပြန်တဲ့အတွက် စိုးရိမ်နေရတယ်လို့ သံဃာ့ အသိုင်းအဝိုင်းက ပြောပါတယ်။
2021-08-15
စစ်ကိုင်းတိုင်းထဲက ကလေးမြို့ဟာ Covid 19 ကြောင့် သေဆုံးနှုန်းရော ကူးစက် နှုန်းတွေပါ အများဆုံးရှိခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက် စပြီး ဇူလိုင်လကုန်ပိုင်းလောက်ထိ အချိန်ကာလတွေဟာ အဆိုးဆုံးဖြစ်ခဲ့ပြီး တစ်နေ့ကို လူနှစ်ဆယ်ကနေ ၄၀ လောက်ထိ နေ့တိုင်းသေဆုံးခဲ့ရပါတယ်။
2021-08-15
ချင်းပြည်နယ် မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် မနေ့က စပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ် CDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား နေရာ ဒီနေ့လည်း တိုက်ပွဲက ပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က ဆယ်ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-08-15
စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ် ၁၄ ရက်မနေ့မှာ စစ်ကောင်စီက အာဏာဖီ ဆန်ရေး CDM လုပ်ထားတဲ့ ကျောင်း ဆရာမ သုံးဦးတို့နဲ့ ဒီနေ့ သြဂုတ် ၁၅ ရက်နေ့မှာ ရာဇဂြိုဟ်ရွာက အမျိုးသားခြောက်ဦးတို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-15
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင်ဟောင်း ဦးတင်မောင်လွင်ကို ဩဂုတ် ၈ ရက်က အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ထားတဲ့သူ ၁၃ ယောက်က လာဖမ်းသွားပြီး တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်သွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-08-15
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အကြား ပင်ပုံရွာနဲ့ လွယ်ဝဲ့ ရွာကြားမှာ သြဂုတ် ၁၅ ရက် ဒီနေ့မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
2021-08-14
မန္တလေးမြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ သံဃာတော်တွေ ထားရှိဖို့ စစ်ကောင်စီ နဲ့ မန္တလေး သံဃာ့မဟာနာယကအဖွဲ့တို့ သဘောတူညီ လိုက်တယ်လို့ မြို့ခံသံဃာတွေက ပြောပါတယ်။
2021-08-14
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆို မြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်ပြင်းထန်နေပါတယ်။
2021-08-14
မကွေးတိုင်း တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်က ကိုစိုင်းစံဟ (ခေါ်) ကိုစိုင်း ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက် မနေ့ညပိုင်းက ဖမ်းဆီးလိုက်ပါတယ်။
2021-08-14
ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ဂိတ်အရှေ့မှာ သြဂုတ် ၁၃ ရက် ညနေ ၅ နာရီခွဲခန့်မှာ အမျိုးသမီးတစ်ဦးကို ဂိတ်ထဲမှာရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်လိုက်ရာ သေဆုံးသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-13
ဒီတပတ်အစီအစဉ်မှာတော့ “စစ်ကောင်စီဆွဲဆန့်တဲ့သက်တမ်းနှစ်နှစ်က တကယ်ကြာနိုင်မလား” ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးထားကြပါတယ်။
2021-08-13
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း Facebook ပရိုဖိုင် ပြောင်းလဲတဲ့သူတွေကို စာရင်းပြုစုထားဖို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ညွှန်ကြားတဲ့ ကြေးနန်းစာထွက်ပေါ်လာခဲ့ပေမယ့် ဒီကနေ့အထိ ပရိုဖိုင်ပြောင်းတဲ့ သူ နှစ်သန်းကျော် ရှိလာခဲ့ပါတယ်။ ဒါဟာ ဖိနှိပ်မှုကြားက ပြည်သူတွေက သူတို့ရဲ့ ဆန္ဒသဘောထားကို ရဲရဲဝင့်ဝင့် ထုတ်ဖော်ခြင်းသာဖြစ်တယ်လို့ ရှုမြင်သုံးသပ်နေကြပါတယ်။
2021-08-13
ရန်ကုန်မြို့ အရှေ့ပိုင်း ၄၄ လမ်းမှာ သြဂုတ်လ ၁ဝ ရက်နေ့ညနေက လုံခြုံရေးတပ် ဖွဲ့တွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုက လွတ်မြောက်ရန်ကြိုးစားရင်း လူငယ် ၅ ဦး တိုက် တခုခေါင်မိုးပေါ်ကနေ ခုန်ချခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတချို့ရဲ့ သုံးသပ်အကြံပေးချက်တွေကို ဦးခင်မောင်စိုး က တင်ပြပါလိမ့်မယ်။
2021-08-13
မန္တလေးအိုဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံထားရပြီး မန္တလေးဆေးရုံကြီးမှာ လွှဲပြောင်း ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။