သံဃာတော်တွေကို ဂိတ်စောင့်ချဖို့ စစ်ကောင်စီ စီစဉ်
2021.08.14
မန္တလေးမြို့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ သံဃာတော်တွေ ထားရှိဖို့ စစ်ကောင်စီ နဲ့ မန္တလေး သံဃာ့မဟာနာယကအဖွဲ့တို့ သဘောတူညီလိုက်တယ်လို့ မြို့ခံသံဃာတွေက ပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့က တွေ့ဆုံစဉ်မှာ မန္တလေး ၅ မြို့နယ်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ ဂိတ်တွေမှာ သံဃာအပါး ၃၀ အထိစောင့်ဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမယ့် ဂိတ်တစ် ဂိတ်ကို သုံးပါး စောင့်ပေးဖို့ သံဃာ့မဟာ နာယကအဖွဲ့နဲ့ သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီက သံဃာအချင်းချင်းသာမက သံဃာနဲ့ ပြည်သူကိုပါ အထင်အမြင် လွဲမှားအောင် သွေးကွဲ အောင် လုပ်တာဖြစ်တယ်လို့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်က RFA ကို မိန့်ပါတယ်။ လုံခြုံရေး အရ ဆရာတော်ရဲ့ ဘွဲ့အမည်ကို ဖော်ပြနိုင်ခြင်းမရှိပါဘူး။
ဆရာတော်ကို RFA အဖွဲ့သူ မခင်ခင်အိ က လျှောက်ထားမေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။