ဂန့်ဂေါ NLD အလုပ်အမှုဆောင်ဟောင်း အဖမ်းခံရ၊ တစ်ပတ်ကြာတဲ့အထိ အဆက်သွယ်မရသေး

2021.08.15
ဂန့်ဂေါ NLD အလုပ်အမှုဆောင်ဟောင်း အဖမ်းခံရ၊ တစ်ပတ်ကြာတဲ့အထိ အဆက်သွယ်မရသေး မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင်ဟောင်း ဦးတင်မောင်လွင်ကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်အမှု ဆောင်ဟောင်း ဦးတင်မောင်လွင်ကို ဩဂုတ် ၈ ရက်က အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ထားတဲ့သူ ၁၃ ယောက်က လာဖမ်းသွားပြီး တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်သွယ်မရဘူးလို့ မိသားစုဝင်တွေက ပြော ပါတယ်။

အသက် ၅၄ နှစ်အရွယ် ဦးတင်မောင်လွင်ဟာ အဖမ်းခံရချိန်မှာ ဖျားနေပြီး သူအိပ်ပျော်နေတဲ့ချိန် အဲဒီ လူ တစ်စုက လာဖမ်းသွားတာကြောင့် သူ့ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ မိသားစုဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

သူ့ရဲ့အမျိုးသမီးဖြစ်သူ နာရေးရက်လည်ပြီးတဲ့နောက်ရက်မှာ အဖမ်းခံရတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်လာဖမ်းသွားတယ်ဆိုတာလည်း မိသားစုဝင်တွေက မသိရသေးဘူးလို့ ပြောပါတယ်။

သူဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ဂန့်ဂေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် တစ်ယောက်အနေနဲ့ ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၂၀ ရွေးကောက်ပွဲကာလမှာတော့ လယ်လုပ်ငန်းတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေကို သိပ်မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။