သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-04
ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာ့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို လေ့လာဖို့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့ အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
2012-05-04
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA ) ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ရေးအတွက် လွဲပြောင်းပေးဖို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။
2012-05-04
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မုတ္တမပင်လယ်ကွေ့အနီးက ကျေးရွာပေါင်း ၆၀ ကျော်မှာ သောက်သုံးရေ ရှားပါးခက်ခဲနေတာ တစ်လကျော် ကြာသွားပြီဖြစ်ပေမဲ့ အခုထိ အကူအညီ အလုံအလောက် မရရှိဘဲ ဖြစ်နေပါတယ်။
2012-05-04
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ကူညီတဲ့အနေနဲ့ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု အားလုံးကို ပြန်လည်ရုပ်သိမ်းဖို့ ဒီမိုကရက် လွှတ်တော်အမတ် Mr. Jim Webb နဲ့ ရီပါပလီကင် လွှတ်တော်အမတ် Mr. James Inhofe တို့က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဆီကို သောကြာနေ့က စာရေးသား တောင်းဆိုခဲ့ကြပါတယ်။
2012-05-04
ပြင်ပဆောင်းပါးရှင် ဒေါက်တာ စေတနာ ရေးသားတင်ဆက်တဲ့ အစီအစဉ် ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း မကြာခဏ ကြားသိနေရသော ကျန်းမာရေး ပြဿနာများ နှင့် သိမှတ်ဖွယ်ရာများကို အပတ်စဉ် တင်ဆက်ခဲ့ပါတယ်။ နားဆင်လိုသူများအတွက် မှတ်တမ်းအဖြစ် ဆက်လက် တင်ဆက်ထားပါတယ်။
2012-05-04
အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSA မြောက်ပိုင်းတပ်မတော် အခြေစိုက်နယ်မြေထဲကို အစိုးရစစ်ကြောင်းတွေ အလုံးအရင်းနဲ့ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် ထိပ်တိုက်ရင်ဆိုင် တွေ့လာရင် ပြန်လည်ခုခံသွားမယ်လို့ SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
2012-05-04
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး ဒေသတွေကို သွားရောက်ပြီး ဒေသခံတွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2012-05-04
ပုဂ္ဂလိက အလှူရှင်တွေဆီက လက်ခံရရှိထားတဲ့ အလှူငွေတွေကို ရန်ကုန်တိုင်းအတွင်းရှိ အမေ့အိမ် ပညာဒါနကျောင်း စုစုပေါင်း ၂၅ ကျောင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကျပ်ငွေ သိန်း ၁၀၀ နီးပါး ပေးအပ်လှူဒါန်း လိုက်ပါတယ်။
2012-05-04
ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ချန်ပီယံ သိုးမွှေးစက်ရုံလို့ လူသိများတဲ့ FT Fashion အထည်ချုပ်နဲ့ သိုးမွှေးစက်ဆွဲ အလုပ်ရုံမှာ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက အလုပ်သမားတွေ အလုပ်မဆင်းဘဲ တစ်နေ့ ၈ နာရီအလုပ်လုပ်ချိန် သတ်မှတ်ပြီး လုပ်အားခ ၁၅၅ ဘတ်နှုန်း တိုးပေးရေး ဆန္ဒပြ တောင်းဆိုခဲ့တဲ့အတွက် ဒီကနေ့ အလုပ်ရှင် အလုပ်သမား ပြေလည်မှုရသွားပြီလို့ စုံစမ်းသိရှိရပါတယ်။
2012-05-04
နွေကာလ အပူရှိန်မြင့်လို့ သောက်သုံးရေ ပြတ်လပ်နေတဲ့ မြောင်းမြမြို့နယ် အနောက်ဘက်က ကျေးရွာ ၁၂ ရွာလောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရေလိုက်လံ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။
2012-05-03
ချင်းပြည်နယ်အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံး ထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံလူထု သုံးထောင်လောက်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-05-03
ကနေဒါနိုင်ငံ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာပွဲ တစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။
2012-05-03
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သြစတြေးလျနိုင်ငံကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် သုံးဦးဟာ နိုင်ငံရေးမူဝါဒဆိုင်ရာ ဘာသာရပ်တွေကို ရက်တိုသင်တန်းအဖြစ် ဆစ်ဒနီ တက္ကသိုလ်တစ်ခုမှာ တက်ရောက် လေ့လာနေကြကြောင်း လေ့လာရေးခရီးစဉ်မှာ ပါဝင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အာအက်ဖ်အေကို ပြောပါတယ်။
2012-05-03
ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အရှင်ဂန္ဘီရကို ဆေးဝါးကုသပေးနေတဲ့ မိတ္တီလာမြို့က စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဦးမြင့်ဆွေက ဆက်လက် ဆေးဝါးကုသ မပေးနိုင်တော့ကြောင်း ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
2012-05-03
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း ဥရောပတိုက် နိုင်ငံတွေကို ပထမဆုံးအကြိမ်အဖြစ် လေ့လာရေး ခရီးသွားရောက်မယ်လို့ နေပြည်တော် လွှတ်တော်အမတ်တွေက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။