သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-17
RCSS နဲ့ TNLA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ကို ကျောက်မဲမြို့ပေါ်က နေရာ ၁၅ ခုမှာ နေရာ ချပေးထားပါတယ်။ ကိုမင်းကိုနိုင် ဦးဆောင်တဲ ၈၈ မျိုးဆက်အဖွဲ့ကလည်း ဒုက္ခသည်တွေကို ငွေကြေးနဲ့ ကျောင်းသုံးပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။
2016-02-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာကျင်းပနေတဲ့ တိုင်းရင်းမီဒီယာညီလာခံ ဒုတိယနေ့မှာ ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးကိစ္စနဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
2016-02-17
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တတိယနေ့မှာ... ဥပဒေကြမ်းကော်မတီနဲ့ ဘဏ္ဍာရေး- စီမံကိန်းနဲ့-စီးပွားရေးကော်မတီ နှစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
2016-02-17
ရှမ်းပြည်နယ် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ကျောက်မဲမြို့နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေ အရေးကို ဖြေရှင်းပေးဖို့အတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဖေဖော်ဝါရီလ ၁၆ ရက်-မနေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2016-02-17
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားလှယ်အဖြစ် တက်ရောက် ဆွေးနွေးခဲ့ကြသူတွေရဲ့ အတွေ့အကြုံ ပြန်လည်မျှဝေ ဆွေးနွေးပွဲကို ရန်ကုန်မြို့က ယုဒဿန်ခန်းမမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကို RFA သတင်းထောက် ကိုကျော်သူက တွေ့ဆုံ မေးမြန်းထားပါတယ်။
2016-02-17
တနသာၤရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်၊ ကျောက္ကာကျေးရွာက မီးဘေးဒုက္ခ သည် ၁၈၀၀ ကျော်အတွက် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း က ငွေကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ငွေကျပ်သိန်း ၆၀ ကို ဒီကနေ့ လှူဒါန်းခဲ့ပါတယ်။
2016-02-17
ကချင်ပြည်နယ်အတွင်း အစိုးရဋ္ဌာန ဆိုင်ရာတွေနဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းဆောင်ရွက်နေတာတွေကို အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှု မရှိကြောင်း တပ်မတော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ သူတွေက ဒီနေ့ ပြောပါတယ်။
2016-02-17
အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေ ရတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့အရေးကို ဦးစားပေးဆွေးနွေးနိုင်ဖို့လိုအပ်ကြောင်း ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2016-02-17
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့လူမှုဒုက္ခတွေကို အမြန်ဆုံး အကူအညီပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2016-02-17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ နေ့လည်ပိုင်း က နေပြည်တော်စစ်ဌာနချုပ် ပေါင်းလောင်းရိပ်သာ မှာ ၁ နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး သူတို့ ၂ ဦး တတိယအကြိမ် တွေ့ ဆုံခြင်းဖြစ်ပါတယ်။
2016-02-17
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို အံ့သြလေးစားခဲ့ရပြီး မဲဆန္ဒရှင်တွေရဲ့ စည်းကမ်းရှိမှုကြောင့် ရွေးကောက် ပွဲအောင်မြင်စွာ ပြီးဆုံးခဲ့တာဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး က ပြော ပါတယ်။
2016-02-17
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ် ပွားနေတဲ့အတွက် ဒေသခံတွေ ဒုက္ခများစွာ ကြုံတွေ့နေရတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်နိုင်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး အတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကျားခေါင်းပါတီ ကျောက်မဲ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2016-02-17
လယ်ယာမြေအရေး လှုပ်ရှားနေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူလယ်သမား တစ်ရာနီးပါးက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ၂ရက်ကြာ နှီးနှောဖလှယ်ပွဲကျင်းပပြီး မြေယာမူဝါဒဆိုင်ရာ အားနည်းချက်တွေကို ဖြေရှင်းပေးဖို့ အစိုးရသစ်ထံ တောင်းဆိုလိုက်ပါတယ်။
2016-02-17
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်နိုင်ငံလုံးအနှံ့ မြို့အတော်များများမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့က ရပ်ကွက်တွေအလိုက် တစ်အိမ်တက်ဆင်းပြီး မီးလောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လိုက်လံစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။
2016-02-16
ရှမ်းပြည်မြောက်ပိုင်းမှာ RCSS/SSA နဲ့ TNLA တို့ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည် ၃ ထောင်နီးပါးရှိနေပါတယ်။