မြေယာအသုံးချမှု နှီးနှောဖလှယ်ပွဲအကြောင်း မေးမြန်းချက်
2016.02.17
လယ်ယာမြေအရေး လှုပ်ရှားနေကြတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တောင်သူလယ်သမား တစ်ရာနီးပါးက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ၂ရက်ကြာ နှီးနှောဖလှယ်ပွဲကျင်းပပြီး မြေယာမူဝါဒဆိုင်ရာ အားနည်းချက်တွေကို ဖြေရှင်းပေးဖို့ အစိုးရသစ်ထံ တောင်းဆိုလိုက်ပါတယ်။
နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ကိုနိုင်အဲမွန်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။