ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေရပ်တန့်ရေး အဆိုတင်သွင်းသူနဲ့ မေးမြန်းချက်


2016.02.17

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ဒုက္ခများစွာ ကြုံတွေ့နေရတာကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်နိုင်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကျားခေါင်းပါတီ ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

အဆိုတင်သွင်းခဲ့တဲ့ ဦးစိုင်းထွန်းအောင် ကို အာအက်ဖ်အေ သတင်းထောက် ကိုမျိုးသန့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။