သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-18
တောင်ငူမြို့ ခြေလျင်တပ်ရင်း (ခလရ - ၃၉) အနားမှာရှိတဲ့ ညောင်ပင်လှရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်သည်တစ်ဦးအပါ သုံးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
2023-11-18
KNPP နဲ့ PDF တွေဆီပို့မယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
2023-11-18
ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ အုပ်ချုပ်ရေးအောက်မှာ ပါဝင်နေကြသူ အားလုံး ခုနစ်ရက်အတွင်း အမြန်ဆုံး ထွက်ခွာသွားကြဖို့ KNU က သတိပေးချက် ထုတ်ပြန်ပါတယ်။
2023-11-17
မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ အခြေအနေတွေကို အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
2023-11-17
ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တစ်လေးလုံးစစ်ဆင်ရေး စတင်လိုက်ပြီးနောက် စစ်ကောင်စီတပ်တွေရှိတဲ့ လွိုင်ကော်မြို့ကိုရအောင် တိုက်ခိုက်သိမ်းယူသွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။
2023-11-17
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ လေးထောင်လောက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေးကူညီနေသူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
2023-11-17
မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပြတာ၊ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ပြန်လွှတ်ပြီး အပေးအယူလုပ်တာ၊ ဆွေးနွေးတာတွေမျိုး ရှိလာနိုင်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။
2023-11-17
ညီနောင်မဟာမိတ်သုံးဖွဲ့ စလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကယား၊ ကရင်၊ ကချင်၊ ချင်း၊ စစ်ကိုင်းနဲ့ ရခိုင်က နေရာတော်တော်များများမှာ ဖြစ်လာတဲ့စစ်ပွဲတွေနဲ့ပတ်သက်လို့ ဘာတွေပြောနေကြလဲဆိုတဲ့ ပြည်သူ့အသံနဲ့ ဆန္ဒတွေဆွေးနွေးကြမှာဖြစ်ပါတယ်။
2023-11-17
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အမှုကို ခြောက်နိုင်ငံက ပူးပေါင်းပါဝင်တယ်လို့ ICJ က သတင်းထုတ်ပြန်ပါတယ်။
2023-11-17
တိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားသူတွေကို လူသားဆန်စွာ ဆက်ဆံဖို့နဲ့ လက်စားချေတာ မလုပ်ဖို့ လက်နက်ကိုင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းလိုက်ပါတယ်။
2023-11-17
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို AA က နိုဝင်ဘာ ၁၇ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
2023-11-17
ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီရဲ့ လွတ်လပ်မှုနဲ့ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်တွေကို ပယ်ဖျက်လိုက်ပြီး စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်ဖို့ ပြင်ဆင်တာလို့ သတင်းစာဆရာတစ်ဦးက ဝေဖန်ပါတယ်။
2023-11-17
ကိုသီဟနဲ့ ကိုမြင့်စိုးအောင်တို့ နှစ်ဦးဟာ မသန်စွမ်းသူတွေ ဖြစ်ပေမယ့် ဘဝကိုအရှုံးမပေးဘဲ တံတားဦးမြို့ပေါ်မှာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး ဝမ်းရေးအတွက် ရုန်းကန်နေပါတယ်။
2023-11-17
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ အနေနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မော်ထိုက်ရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2023-11-17
ပြည်ပကို ပို့ကုန်ခွင့်ပြုချက် ရရှိထားတဲ့ လုပ်ငန်းရှင်တွေ ရရှိလာတဲ့ နိုင်ငံခြားငွေကို ဘဏ်ငွေစာရင်းထဲမထည့်ရင် အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။