သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-07-17
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုး ရဲ့ဖခင် ဦးတင်အုန်း ကို စစ်ကောင်စီတပ်တွေ မနေ့က နှမ်းခင်းထဲမှာ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပါတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဆွေမျိုးနီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
2021-07-17
စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ဆန်စ ဦးခေါင်းထဲထိမှန်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ ဦးခေါင်းခွဲစိတ်ကုသပြီး ကျည်စထုတ်နိုင်ရေးအတွက် ငွေရေးကြေးရေး အခက်တွေ့နေတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
2021-07-17
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူတွေ တစ်နေ့တခြား များလာနေတာမို့ သေဆုံးအလောင်းတွေကို စုပုံပြီး မြေမြှုပ်ဖို့ နာရေးကူညီရေးအသင်းတွေက အကြံပြုနေကြပါတယ်။
2021-07-17
ဒီတစ်ပတ်မှာတော့ “ရန်ကုန်နဲ့မန္တလေးက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူတွေသေဆုံးမှုများနေတဲ့အကြောင်းနဲ့ လူမှုကူညီရေးအသင်းတွေရဲ့ သက်စွန့်ဆံဖျား ဆောင်ရွက်နေတဲ့အကြောင်း ပရဟိတအသင်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခန်း” ကိုထုတ်လွှင့်မှာဖြစ်ပါတယ်။
2021-07-17
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုးရဲ့ဖခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ တို့က သေနတ်နဲ့ ပစ်သတ်လိုက်ကြပါတယ်။
2021-07-16
ကိုဗစ်တတိယလှိုင်းကာလ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုတွေ တဟုန်ထိုး မြင့်တက်လာနေပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ မနေ့က ၂၄ နာရီအတွင်း သေဆုံးသူ ၁၉ဝ ဦး ရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာသစ် ၆၁၉၄ ယောက် ရှိခဲ့ပါတယ်။
2021-07-16
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျပ် အတည်းအပေါ်မှာ ဗြိတိန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို လေ့လာသုံးသပ် ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဗြိတိသျှပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာဟာ ဗြိတိန်အစိုးရက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို အကြံပြုထားတာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2021-07-16
အာဏာသိမ်းစစ်ကောင်စီက ရေကြည်အိုင် စစ်တပ်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး မနေ့မနက်က ဦးဖြိုးမင်းသိန်း သတိလစ်သွားတဲ့အတွက် မင်္ဂလာဒုံစစ်တပ် အသည်းဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပါတယ်။ သူ့ကို အခု အောက်ဆီဂျင်ပေးထားတယ်လို့လည်း ခိုင်လုံတဲ့ သတင်းပေးသူတဦးက RFA ကိုပြောပါတယ်။
2021-07-16
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး ငါးလကျော် ကာလအတွင်း ကလေးသူငယ် ၇၅ ဦး အသတ်ခံရပြီး ရာနဲ့ချီတဲ့ အသက်မပြည့်သေးသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးအဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့ က သတိပေးစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2021-07-16
ဖမ်းဆီးခံနေရတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ သူ့ဇနီး ဒေါ်ခင်မိကြွယ်တို့ နှစ်ဦးလုံး ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ဒီကနေ့ မနက်က ဦးဖြိုးမင်းသိန်း သတိလစ်သွားတဲ့အတွက် မင်္ဂလာဒုံမှာရှိတဲ့ စစ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရပါတယ်။ သူ့ကို အခု အောက်ဆီဂျင် ပေးထားတယ်လို့လည်း ခိုင်လုံတဲ့ သတင်းပေးသူတဦးက RFA ကိုပြောပါတယ်။
2021-07-16
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေအကြား ဇူလိုင်လ ၁၅ ရက် မနေ့ကနေ ဒီနေ့ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက် အကျအဆုံးရှိနေသလို ဒေသခံ ၃၀၀၀ ကျော်ခန့်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-07-16
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို သက်ဆိုင်ရာတရားရုံးတွေက ဇူလိုင်လ ၁၆ ရက် ဒီနေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ခေါ်ယူတွေ့ဆုံပြီး အမှုတွေကို မူလချိန်းဆိုထားတဲ့ရက်တွေကနေ နောက်ဆုတ်လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကို ပြောပါတယ်။
2021-07-16
မကွေးမြို့မှာ စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်ဖမ်းဆီးမှုကိုခံရလို့ မျက်လုံး ကွယ်လုနီးပါးဖြစ်ခဲ့ရသလို လက်ပြတ်ပြီး ခြေထောက်မသန်ဖြစ်နေတဲ့ အင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဆေးကုသခွင့် လည်းမရသေးပါဘူး။ ကိုလျှံဖြိုးအောင်ရဲ့ မိသားစုနဲ့ လူငယ်ကျောင်းသားခေါင်းဆောင်တွေက အမြန်ဆုံးဆေးကုသခွင့် ရဖို့ တောင်းဆိုနေကြပါတယ်။
2021-07-16
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က လျှပ်စစ်မီတာရုံးမှာ ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မနက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ရုံးဝန်ထမ်းအချို့နဲ့ မီတာလာဆောင်သူ စုစုပေါင်း ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
2021-07-16
စစ်ကောင်စီက ဖမ်းဆီးပြီး တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်တရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၁၆ ရက်မှာ ရုံးထုတ်ပြီး နိုင်ငံတော်အကြည်အညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၂၄(က)နဲ့ စွဲချက်တင်တဲ့အမိန့် ချလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။