သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ဒီရက်ပိုင်းအတွင်းဖြစ်မြောက်ဖို့ အစိုးရဘက်က တက်ကြွမှုရှိတာ မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2015-05-19
အခြေခံလုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်စက်မှုဇုန် ၃က Costec အထည်ချုပ်စက်ရုံ အလုပ်သမား ၁၅ဝ ကျော်ကို ခုံသမာဓိရုံးက လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ အလုပ်ရှင်က အလုပ်သမားတွေကို လက်မခံဘူးလို့ သိရပါတယ်။
2015-05-19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မှာ ကျောင်းသားသပိတ်စစ်ကြောင်း ကို ထောက်ခံခဲ့တဲ့ ပုသိမ်နည်းပညာ တက္ကသိုလ်က ကျောင်းဆရာတစ်ဦးကို ပုဒ်မ ၁၈ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မနဲ့ တရားစွဲထားပြီး တက္ကသိုလ်တာဝန်ရှိသူတွေက သူ့ကို တာဝန်ကနေ ယာယီ ရပ်နားထားလိုက်ပါတယ်။
2015-05-19
ဘုန်းတော်ကြီးသင် (ဘက) ပညာရေး ကို မြန်မာနိုင်ငံ ပညာရေးစနစ်အပြင် နိုင်ငံတကာ ပညာရေးစနစ်နဲ့ပါ ပေါင်းစပ် သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့မှာ ကျင်းပနေတဲ့ ဘကညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ ဆရာတော်က မိန့်ကြားပါတယ်။
2015-05-19
မေလ ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ရဲ့ အမှုဆောင် အဖွဲ့အစည်းအဝေးကနေ ဆရာ - ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းတွေ ပို့ချရေး၊ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
2015-05-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့တဲ့စနေနေ့က မွန်ပြည်နယ် သထုံ မြို့မှာ မြို့ခံလူထုနဲ့ တွေ့ဆုံခဲ့သလို၊ ညနေပိုင်း မှာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်မှာရှိတဲ့ အထက (၂) ဘောလုံးကွင်းမှာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ ပါတယ်။
2015-05-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၁၇ ရက်-မနေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ ဓနသဟာယ စစ်သင်္ချိုင်းအနီးမှာရှိတဲ့ ကြာကန်ဘောလုံးကွင်းမှာ မြို့ခံလူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2015-05-19
မျိုးစောင့်ဥပဒေလေးခုထဲက တခုဖြစ်တဲ့… “မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်း” ကို အမျိုးသားလွှတ်တော်မှာ မေလ ၁၈ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။
2015-05-19
“ကွဲပြားမှုတို့ပေါင်းစုံခြင်း” လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတခုကို မြန်မာ-အမေရိကန် ချစ်ကြည်ရေးအသင်းက ဦးဆောင်ပြီး မန္တလေးမြို့က အမေရိကန်စင်တာမှာ မေလ ၁၅ ရက်ကနေ ၁၇ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-05-19
“အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဟန့်တားစေတဲ့အရာ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPS နဲ့ ရှမ်းပြည်တောင်ပိုင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်ပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2015-05-19
ရွေးကောက်ပွဲတွေမှာ ဝှိုက်ကဒ် ခေါ် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေ မဲပေးခွင့် မရှိကြောင်း ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
2015-05-19
လှေစီး ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ထွက်လာသူတွေ အမှန်တကယ် ပါဝင် တယ်ဆိုရင် ပြန်ခေါ်ဖို့ အသင့်ရှိကြောင်း မြန်မာအစိုးရ က ပြောပါတယ်။
2015-05-18
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က လှေစီးဒုက္ခ သည်တွေဟာ လူ့အခွင့်အရေးနဲ့ ထိုက်တန်ကြောင်း မနေ့ က ပြောပါတယ်။
2015-05-18
ထိုင်းနိုင်ငံတောင်ပိုင်းကို ရောက်ရှိလာတဲ့ လှေစီးဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူသီးတောင် မောင်းတောဒေသခံတွေ အများအပြားပါရှိတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းက ပြောပါတယ်။
2015-05-18
မေလ ၂၃ ရက်နေ့ ရန်ကုန် သံလျင်မြို့နယ်မှာ ကျင်းပမယ့် ပြည်ထောင်စုသား မွတ်စလင်များ ပြည်လုံးကျွတ်ညီလာခံကို အုပ်ချုပ်ရေးပိုင်းက ခွင့်မပြုကြောင်း မေလ ၁၆ ရက်နေ့က အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်။