(ဘက)ပညာရေး အဆင့်မြှင့်ဖို့ ဆရာတော်များ ညီလာခံကျင်းပ
2015.05.19

ဘုန်းတော်ကြီးသင် (ဘက) ပညာရေးကို မြန်မာနိုင်ငံ ပညာရေးစနစ်အပြင် နိုင်ငံတကာ ပညာရေးစနစ်နဲ့ ပါ ပေါင်းစပ်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ရှမ်းပြည် နယ် တောင်ပိုင်း ဟိုပုံးမြို့မှာ ကျင်းပနေတဲ့ ဘက ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ ဆရာတော်က မိန့်ကြား ပါတယ်။
ဒီကနေ့ကစတင်ပြီး သုံးရက်ကြာကျင်းပမှာ ဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေး အမှုဆောင်ဆရာတော် ဦးစန္ဒာဝရ က မိန့်ပါတယ်။
"မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ နိုင်ငံတကာရဲ့ ပညာရေးစနစ်တွေကို လေ့လာပြီးတော့ ဒီနှစ်ခု ကိုပေါင်းစပ်ပြီးတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ အကောင်အထည်ဖော် လို့ရှိရင် ဒီ့ထက်ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတဲ့ ရည်ရွယ်ပြီးတော့ ဆွေးနွေးဖို့ရှိပါတယ်၊ ဘကကျောင်းများရဲ့လိုအပ်တဲ့ ဆရာအတတ်သင်ကောလိပ်တွေ နိုင်ငံ တကာအဆင့်မီတဲ့ ဆရာတွေပေါ်ထွက်လာဖို့အတွက် ကောလိပ်တွေလိုပါတယ်၊ တက္ကသိုလ်တွေလိုပါတယ်၊ အဲ့တက္ကသိုလ်တွေ ကောလိပ်တွေ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ထားတဲ့အတွက်ကြောင့် အဲ့ခေါင်းစဉ်တွေ ကိုလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ် "
ဒီ ဘက - ပညာရေး ညီလာခံကို ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး တစ်နိုင်ငံလုံးက ဘုန်းတော် ကြီးကျောင်းပေါင်း ၁၆၀၀ ကျော်က ဆရာတော် ၁၄၀၀ ကျော်နဲ့ သီလရှင်တွေ၊ ဘုန်းတော်ကြီးသင် ကျောင်းဆရာ ဆရာမ ၅၀၀ နီးပါးတို့အပြင် လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပါတယ်။
ပထမအကြိမ် ညီလာခံကို ပြီးခဲ့တဲ့နှစ် ဇွန်လက နောင်တောင်းကျောင်းမှာပဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အခု ညီလာခံကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ မန္တလေးမြို့ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ရဲ့နာယကဆရာတော် ဦးနာယကကို RFA မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်