သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-03
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ြငိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
2011-11-03
ဥပဒေမူကြမ်းတွေ စိစစ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးကို တင်ပြရေး ပြည်သူ့လွှတ်တော်က ကန့်ကွက် ပယ်ချခဲ့ပေမဲ့ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရပါတယ်။
2011-11-03
အင်းစိန် အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒီကနေ့ ထောင်ဝင်စာ သွားတွေ့ရာမှာ မိသားစုဝင်တွေ အငြင်းပယ် ခံရပါတယ်။
2011-11-03
နိုင်ငံရေးပါတီများမှတ်ပုံတင်ရေး ပြင်ဆင်ချက် တရားဝင်ထွက်ပေါ်လာမှ ရွေးကောက်ပွဲဝင်မဝင် NLDပါတီ စဉ်းစားဆုံးဖြတ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-11-03
NLD ပါတီ မှတ်ပုံမတင်သင့်ကြောင်း ပါတီမြို့နယ်စည်းနဲ့ ပါတီဝင်တချို့က သဘောထားတစ်ရပ် ထုတ်ပြန်ပြီး ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2011-11-02
မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ရန်ကုန်မြို့မှာ ရောက်နေတဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပါတယ်။
2011-11-02
မြန်မာနိုင်ငံရောက် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Michael Posner နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Mr. Derek Mitchell နိုဝင်ဘာ (၄) ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ဗဟိုကော်မတီဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
2011-11-02
ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီ FSDP ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦးက သူ့ကို ပါတီခေါင်းဆောင် နေရာက ထုတ်ပယ်ဖို့ ကျင်းပခဲ့တဲ့ ကျန်ပါတီ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးဟာ နိုင်ငံရေးပါတီများ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး ပြည်နယ်ရဲ အထူးသတင်းတပ်ဖွဲ့ကို ဒီကနေ့ စာရေးတိုင်ကြား လိုက်တယ်လို့ သိရပါတယ်။
2011-11-02
ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ရမ်းဗြဲမြို့နယ်က ရေလုပ်ငန်းနဲ့ အသက်မွေးမြူတဲ့ အိမ်ခြေ ၁၅၀၀ ရှိ ကျောက်နီမော်ရွာကြီးမှာ မနေ့ညက မီးလောင်လို့ အိမ်ခြေ ၂၀၀ လောက် ပျက်စီး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
2011-11-02
ကချင်အမျိုးသား အချင်းချင်း သတ်ဖြတ်ပြီး သမိုင်းမှာ အကျည်းတန်တဲ့ ကိစ္စတွေ ကျန်ရစ်မှာကို မလိုလားကြောင်း နယ်ခြားစောင့် တပ်ဖွဲ့၊ ပြည်သူ့စစ်အဖြစ် လက်ခံလိုက်တဲ့ ကချင်အဖွဲ့ ခေါင်းဆောင် ၉ ဦး က KIO ဗဟိုကော်မတီကို အောက်တိုဘာလ ၂၈ရက် ရက်စွဲနဲ့ စာတစ်စောင် ပို့လိုက်ပါတယ်။
2011-11-02
အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး အနက် ၂ ဦးက သပိတ်လှန်လိုက်ပြီး ကျန်ဆန္ဒပြသူတွေက ဆက်ပြီး သပိတ် တိုက်ပွဲဝင်နေတယ်လို့ သတင်းရပါတယ်။
2011-11-01
ဥပဒေ မူကြမ်းတွေကို စိစစ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို တင်ပြရေးအတွက် ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဆုံးဖြတ် အတည်ပြုခဲ့တာဟာ အခြေခံ ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့ မကိုက်ညီတဲ့ အတွက် လွှတ်တော်အမတ်တွေက မနေ့က လက်မှတ်ထိုး ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
2011-11-01
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်းခဲ့တဲ့ ၂၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ အတွက် ဆွမ်းကပ်လှူပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဖို့ဝိန်းမြို့ ABSDF လုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဖို့ဝိန်းမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2011-11-01
မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်း အတိအကျ ကောက်ယူရေး အတွက် ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကို ဝင်ရောက် ဆောင်ရွက်ခွင့် ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဒီကနေ့ တိုက်တွန်း ပြောကြားလိုက် ပါတယ်။
2011-11-01
နိုင်ငံရေးအကျဉ်းသားတွေ မကြာခင် လွတ်မြောက်လာမယ်လို့ မိမိယုံကြည်ကြောင်း၊ အကြောင်းမဲ့ ပြောဆိုတာ မဟုတ်ဘဲ အစိုးရ အာဏာပိုင်တွေဆီက ရတဲ့ အချက်တွေပေါ် အခြေခံပြီး ပြောတာ ဖြစ်ကြောင်း နာမည်ကျော် လူရွှင်တော် ဇာဂနာက ဆိုပါတယ်။