NLD ပါတီ မှတ်ပုံမတင်ဖို့ ပါတီဝင် (၃၂) ဦး တိုက်တွန်း

NLD ပါတီ မှတ်ပုံမတင်သင့်ကြောင်း ပါတီမြို့နယ်စည်းနဲ့ ပါတီဝင်တချို့က သဘောထားတစ်ရပ် ထုတ်ပြန်ပြီး ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

2011.11.03
nld_party_register_decision_305_z.jpg အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

 

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရှင်သန် ရပ်တည်ရေးဆိုင်ရာ သဘောထားဖော်ပြချက်” ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အဲဒီ သဘောထား ကြေညာချက်ကို ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂) ဦး အပါအဝင် NLD ပါတီဝင် (၃၂) ဦးတို့က လက်မှတ်ထိုးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင်တွေထံ ပေးပို့ခဲ့တယ်လို့ ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ နော်အုန်းလှက ပြောပါတယ်။

 

NLD ပါတီဟာ ပြည်သူတွေရဲ့ထောက်ခံအားပေးမှုနဲ့ ရပ်တည်နေတဲ့ ပါတီဖြစ်တာကြောင့် အောက်ခြေ ပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ သဘောထား ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

 

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ထုတ်ပြန်တဲ့ ရွှေဂုံတိုင် ကြေညာချက်မှာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ အချက်တွေကို ပြန်ပြင်ပေးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်းစားမယ်လို့ NLD ပါတီက ပြောဆိုခဲ့ပါတယ်။

 

ဒီကနေ့ ပေးပို့တဲ့ သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး နော်အုန်းလှကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

 

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-05 16:28

the sure thing is junta will not care about nld and public ... they will do for their self ... if nld join the election, they will be the same as junta ... junta is junta .. they will not change ....

Anonymous
2011-11-03 08:23

ထောက်ခံပါတယ်။။ပါတီဝင်တယောက်မဟုတ်ပါ။ သာမာန်ပြည်သူတယေက်ပါ။တိုင်းပြည်အခြေအနေဆိုးနြေ့ပီးအပြောင်းအလဲတခုလုပ်ရန်လိုနေတာကိုသဘောပေါက်ပါတယ်။ဒါပေမဲ့လက်ရှိအခင်းအကျင်အတိုင်းဆိုရင် NLD လွှတ်တော်ထဲရောက်လဲ ဒီပုတ်ထဲကဒီပဲ ဆိုတာမျိုး ဘာမှဟုတ်ဟုတ်ငြားငြားလုပ်နှိုင်စရာမရှိလို့၊ ကောင်းကျိုးထက်ဆိုးကျိုးကပိုပါလိမ့်မည်။ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အနေနှင့်အလောသုံဆယ်မဆုံးဖြတ်ပဲလူထုအကြားမှာအဆိုးအကောင်းခြေအတင်ဆွေးနွေးတဲ့ လူထုနှိုင်ငံရေးတခုပြုလုပ်ပြီးမှဆုံးဖြတ်သင့်တယ်လို့မြင်ပါတယ်။။

Anonymous
2011-11-10 16:13

ကန့်ကွက်ပါတယ်။
ရွှေဂုံတိုင်ကြော်ငြာချက်တွင် NLD ကတစ်ဖက်သတ်ရွှေးကောက်ပွဲဝင်မည်ဆိုပါက'နိုင်ငံရေးအကျဉ်းသားချွင်းချက်မရှိလွှတ်ပေးလျှင်၊၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ပေးလျှင်၊လွှတ်လပ်သောတွေ့ဆုံဆွေးနွေးမှုဖြင့်အဖြေရှာမည်ဆိုလျှင်' NLD သည် ပြည်သူအကျိုးကိုရှေးရှု၍ရွှေးကောက်ပွဲမှတ်ပုံတင်ရေးအတွက်မှတ်ပုံတင်ရေးကိုစဉ်စားပေးမည်ဟုဆိုထားပါသည်။
နိုင်ငံတကာကလည်း NLDမှတ်ပုံတင်ပြီး ရွှေးကောက်ပွဲဝင်ရန်လိုလားလျှက်ရှိသည်။

Anonymous
2011-11-10 08:24

No need to register NLD cos 1990 election already landslide won but junta did not handover to NLD

Anonymous
2011-11-10 08:28

NLD no need to register

Anonymous
2011-11-03 03:27

NLD should join the election so that she can table the important motions. The first motion can be tabled to remove the section 6, sub-section F of constitution "enabling the Defense Services to be able to participate in National political leadership role of the state." if motion fails then NLD can boycott the house ... ....

Anonymous
2011-11-13 00:15

အပြင်မှာနေပြီးပြည်သူအတွက်ကြိုးပမ်းနေတာထက်ထက်လွက်တော်အတွင်းဝင်ရောက်ပြည်သူအတွက်ကြိုးပမ်းနေတာကောင်းပါတယ်။အားပေးတယ်