သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-03
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နဲ့ ပတ်သက်လို့ လာမယ့် အောက်တိုဘာလ ၅ ရက် အင်္ဂါနေ့မှာ စစ်အစိုးရကို စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2010-10-03
အခုတပတ် ဦးခင်မောင်စိုး စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာ့နိုင်ငံရေးကို မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း ပါဝင် လှုပ်ရှားနေကြတဲ့အကြောင်း ဆွေးနွေးထားကြပါတယ်။
2010-10-02
မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ ပြောဆိုမှုတွေ လုပ်ပေးဖို့ အိန္ဒိယရောက် မြန်မာအဖွဲ့အစည်းတွေက အိန္ဒိယခေါင်းဆောင်တဦး ဖြစ်သူ Mrs. Sonia Gandhi ကို ဒီကနေ့ တောင်းဆိုစာတစောင် ရေးသားလိုက်ပါတယ်။
2010-10-02
အောက်တိုဘာလ ၂ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့ International Day of Non-Violence မှာ ရန်ကုန်အခြေစိုက် 'အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားသူများ- မြန်မာနိုင်ငံ' ကနေ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လိပ်မူပြီး လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့တိုက်ရိုက်သက်ဆိုင်တဲ့ ကုလသမဂ္ဂ နေ့ထူးနေ့မြတ်တွေကို အသိအမှတ်ပြု ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2010-10-02
ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံ ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ (၆) ခုက ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး ဥပဒေပြုရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် မဟာမိတ် ကော်မတီတရပ် ဖွဲ့ဖို့ ဒီကနေ့ သဘောတူလိုက်ပါတယ်။
2010-10-01
ထိုင်းဝန်ကြီးချုပ် Abhisit Vejjajiva ဟာ အောက်တိုဘာ ၁၁ ရက် လာမဲ့အပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက် လည်ပတ်မှာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်း မြန်မာ့ရွေးကောက်ပွဲ ကိစ္စ အပါအဝင် နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ ကုန်သွယ် စီးပွားရေးကိစ္စတွေကိုရော ခရီးသွားလုပ်ငန်း ကိစ္စတွေကိုပါ တနေ့တာ ခရီးစဉ်အတွင်း သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။
2010-10-01
လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်မှာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ် မလွှတ်ဖူးဆိုတာ အတိအကျ မပြောနိုင်သေးကြောင်း အမည်မဖော်လိုတဲ့ စစ်အစိုးရ အရာရှိနှစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အေပီ သတင်းဌာနက အောက်တိုဘာ ၁ ရက် ဒီကနေ့ ရေးသားလိုက်ပါတယ်။
2010-10-01
NLD ပါတီရဲ့ စည်းရုံးရေးခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက် ဒီကနေ့ ပြန်လည်စတင်ရာမှာ ဗဟို အလုပ်ကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်ပြီး အဖွဲ့ဝင်တွေ ဧရာဝတီတိုင်းကို ထွက်ခွာသွားပြီလို့ သိရပါတယ်။
2010-10-01
မိမိတို့ ပါတီရဲ့ မဲဆွယ်စည်းရုံးခွင့်တွေကို ဒေသတချို့မှာ တားဆီးခံနေရတယ်လို့ ရှမ်းတိုင်းရင်းသား ပါတီက ထုတ်ဖော် ပြောဆိုပါတယ်။
2010-10-01
မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ရှေ့ကို တိုးလိုက်တဲ့ ခြေလှမ်းတရပ် ဖြစ်တဲ့ အတွက် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံဆောင်ရွက်ကြဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2010-10-01
စက်တင်ဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ထုတ် နယူးယောက်တိုင်း သတင်းစာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ဆောင်းပါး တပုဒ် ရေးသားခဲ့ပါတယ်။
2010-10-01
ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ပါတီနှစ်ခုရဲ့ အောက်လွှတ်တော်အမတ် ၁၀ ဦးက စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် ရှုတ်ချကန့်ကွက်တဲ့ မူကြမ်းအဆိုကို အမေရိကန် အောက်လွှတ်တော်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က တင်သွင်းခဲ့ပါတယ်။
2010-10-01
ထိုင်းဝန်ကြီးချုပ် အဘိဆစ်ဟာ လာမဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ၁ ရက်ကြာ ချစ်ကြည်ရေး လာရောက်ဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ် ပီရိုမြာကို ကိုးကားပြီး Bangkok Post သတင်းစာက အောက်တိုဘာ ၁ ရက် ဒီကနေ့ ရေးသားလိုက်ပါတယ်။
2010-10-01
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်အမတ် Mr. Joseph Crowley က ဒါဟာ နိုင်ငံရေးကစားကွက်သာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။