မြန်မာရွေးကောက်ပွဲ ရှုတ်ချကြောင်း အမေရိကန် လွှတ်တော်မှာ မူကြမ်းတင်သွင်း
2010.10.01

“ပြီးခဲ့တဲ့ ဒီ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ပြင်ပမှာ လုပ်တဲ့ ဒီ မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဒီ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နောက် အမေရိကန် အစိုးရလည်း ပါတာပေါ့ဗျာ၊ သူတို့ရဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ်မှာ တုံ့ပြန်ချက်တွေကို ကျွန်တော်တို့က သိပ်ပြီး ကျေနပ်အားရမှု မရှိဘူး။ တကယ်တမ်းကျတော့ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အဖြေရှာနိုင်မှာ မဟုတ်ဖူးဆိုတာ သိသိကြီးနဲ့ကိုပဲ ဒီ ရွေးကောက်ပွဲကို စောင့်ကြည့်ချင်တဲ့ စိတ်တွေက များနေကြတယ်။ အဲလိုအချိန်မှာ အခုလို အမေရိကန် အောက်လွှတ်တော် အမတ်တွေက ဒီ အမေရိကန် အစိုးရကို သတိပေးတဲ့ ဥပဒေ မူကြမ်းပေါ့ဗျာ၊ ဒါ အမေရိကန် ကွန်ဂရက်လွှတ်တော်ရဲ့ သဘောထားပေါ့။ အဲဒါကို အခုလိုမျိုး စတင် ပြဋ္ဌာန်းဖို့ ကြိုးစားတာ ကျွန်တော်တို့က ထောက်ခံကြိုဆိုပါတယ်။”
မြန်မာစစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲ ရှုတ်ချတဲ့ မူကြမ်းအဆိုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ဖျက်သိမ်းလိုက်တဲ့အတွက်လည်း စစ်အစိုးရကို ရှုတ်ချထားပါတယ်။ ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တိုင်းရင်းသားလူမျိုးစုတွေမ ပါဝင်တဲ့ အစိုးရကို တရားဝင်တဲ့ ဒီမိုကရေစီ အစိုးရဆိုပြီး အသိအမှတ်ပြုမှာ မဟုတ်ဖူးလို့ မူကြမ်းအဆိုမှာ ရေးသားထားပါတယ်။
ဒီအဆိုကို ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် Mr. Donald Manzullo နဲ့အတူ အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်အမတ် Howard Berman ၊ ရီပတ်ဘလီကန်အမတ် Ros-Lehtinen စတဲ့ လွှတ်တော်မှာ သြဇာကြီးမားတဲ့ အမတ်တွေက ဦးဆောင်တင်သွင်းခဲ့ပါတယ်၊