သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-08
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံဘက်က ထောက်ခံကြောင်း အမေရိကန်ရောက်တိုင်းရင်းသားတွေ ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2019-12-07
မြန်မာအစိုးရရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ အပေါ် မြန်မာအစိုးရဆီ လွှဲပြောင်းပေးမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံရနိုင်တယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။
2019-12-07
စပါးရိတ်သိမ်းနေတဲ့ လုပ်ငန်းခွင်ဝန်းကျင် တိုက်ပွဲတွေမရှိစေရေး အောက်ခြေကို ညွှန်ကြားဖို့ တပ်မတော်နဲ့ AA တို့ကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က တောင်းဆိုလိုက်ပါတယ်။
2019-12-07
၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ “ ICJ အရေး ထောက်ခံပွဲတွေရဲ့ သက်ရောက်မှု “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-12-06
မြန်မာနိုင်ငံမှာ ခေါင်းဆောင်တွေရော ပြည်သူတွေပါ ဗုဒ္ဓဘာသာဆိုတာဘာလဲ ထဲထဲဝင်ဝင်သိကြရင် အခုဖြစ်ပွားနေတဲ့ အမုန်းစကားတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ လျော့ပါးသွားမှာဖြစ်တယ်လို့ ဗုဒ္ဓဘာသာသီလရှင်တပါးက မိန့်ကြားလိုက်ပါတယ်။
2019-12-06
တက္ကသိုလ် ဆရာ/ဆရာမတွေ ရာထူးတိုးပေးတာနဲ့ တာဝန်ကျဒေသ ရွှေ့ပြောင်းတဲ့ ကိစ္စတွေမှာ မျှတမှုမရှိတဲ့အတွက် ပြန်ပြီးစိစစ် ပြင်ဆင်ပေးဖို့ တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
2019-12-06
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေအကြားမှာ သဘောထားကွဲလွဲနေကြပါတယ်။
2019-12-06
ပုဂံ ရှေးဟောင်းနယ်မြေမှာ ပွဲလမ်းသဘင်တွေ မကြာခဏ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတွေမှာ ကျယ်ကျယ်လောင်လောင် ဖွင့်လှစ်နေကြတဲ့ အသံချဲ့စက်တွေက ပြင်းထန်တဲ့ အသံလှိုင်းတွေကြောင့် ရှေးဟောင်းလက်ရာတွေ ထိခိုက်ပျက်စီးမယ့်အရေးကို စိုးရိမ်နေသူတွေလည်း ရှိနေပါတယ်။
2019-12-06
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ဖားကန့်ကျောက်စိမ်းမှော်မှာ တရုတ်စားသာပါ ဆိုင်းဘုတ်ထောင်တာနဲ့ ကားပေါ် တရုတ်နိုင်ငံအလံကပ်ပြီး ဝင်လာတဲ့ သူတွေကို ဖမ်းဆီးအရေးယူထားပါတယ်။
2019-12-06
ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ဇနီး၊ သားသမီးတွေကို ထိုင်းအာဏာပိုင်တွေက ချင်းမိုင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ဒီကနေ့မှာတော့ မြန်မာဘက်ကိုလွှဲပြောင်းပေးဖို့ စီစဉ်နေပါတယ်။
2019-12-06
ရခိုင်ပြည်နယ် ကျောက်တော်မြို့နားမှာ ဒီနေ့မနက်က ပစ်ခတ်မှုဖြစ်လို့ ၈ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးသွားပါတယ်။
2019-12-06
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မီးဝကျေးရွာက အမျိုးသား ခြောက်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားတာ အချိန် ၂ ပတ်ကျော် ကြာလာတဲ့အထိ ပြန်လွှတ်မပေးသေးတာကြောင့် မိသားစုဝင်တွေက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် တိုင်ကြားစာနဲ့ အသနားခံစာရေးရာကော်မတီ ဥက္ကဋ္ဌတို့ထံ မနေ့က စာရေးသားပေးပို့လိုက်ပါတယ်။
2019-12-05
RFA ကို ရေးတဲ့စာ ပေးတဲ့စာအစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ထိုင်းနိုင်ငံက RFA ပရိတ်သတ်တွေ ပေးပို့လာတဲ့ စာတွေကိုတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
2019-12-05
မြန်မာ့တပ်မတော်တပ်ရင်း ၂၈၄ နဲ့ မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ တို့ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွန်အရပ်သား ၉၀၀ ကျော်ရှိပြီး အဲဒီထဲက ၇၀၀ ကျော်ကို ကန်ချနဘူရီခရိုင်ထဲက မွန်ဆရာတော် ဦးဇာဂရရဲ့ မီးသွေးဖိုကျောင်းမှာ ခိုလှုံခွင့်ပေးထား ပါတယ်။
2019-12-05
ဓနုတိုင်းရင်းသားတွေရဲ့ဒုတိယအကြိမ်မြောက် အမျိုးသားနေ့ကို ရှမ်းပြည်နယ် နောင်ချို မြို့မှာ ကျင်းပခဲ့ပြီး ဓနုတိုင်းရင်းသား သောင်းနဲ့ချီပြီးတက်ရောက်ခဲ့ပါတယ်။