ဂျပန်ရေတွင်းရွာနားမှာ တပ်မတော်ရှိနေလို့ ရွာသားတွေ မပြန်ရဲသေး
2019.12.05

မြန်မာ့တပ်မတော်တပ်ရင်း ၂၈၄ နဲ့ မွန်ပြည်သစ်ပါတီ တပ်ရင်း ၅ တို့ရဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ မွန်အရပ်သား ၉၀၀ ကျော်ရှိပြီး အဲဒီထဲက ၇၀၀ ကျော်ကို ကန်ချနဘူရီ ခရိုင်ထဲက မွန်ဆရာတော်ဦးဇာဂရရဲ့ မီးသွေးဖိုကျောင်းမှာ ခိုလှုံခွင့်ပေးထားပါတယ်။ ဒုက္ခသည် တစ်ရာ ကျော်လောက်ကတော့ ရာဘာခြံတွေနဲ့ တခြားဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။
ဒုက္ခသည်တွေအခြေအနေနဲ့ ပတ်သက်လို့ ဆရာတော်ဦးဇာဂရ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်လျှောက်ထားမေးမြန်းထားပါတယ်။