ICJ အမှုမှာ သဘောထားကွဲလွဲသူများ
2019.12.06
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေအကြားမှာ သဘောထားကွဲလွဲနေကြပါတယ်။ ဒီကိစ္စဟာ တိုင်းပြည်ကိုနစ်နာစေတဲ့အတွက် ပြည်သူတွေ တသားတည်း ရပ်တည်ကြဖို့ တချို့က ဆန္ဒရှိကြပါတယ်။
တချို့ကတော့ ဒါဟာ စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာရှေ့မှောက်မှာ အရေးယူဖို့ အခွင့်အလမ်းအဖြစ် ယူဆနေသူလည်း ရှိပါတယ်။ RFA ဝိုင်းတော်သား စောဖိုးခွားက တင်ပြထားပါတယ်။
(ရိုက်ကူး - သီဟထွန်း၊ သက်စုအောင်၊ ကံသာ၊ အဲလိဇဘက်ဂျန်မာ၊ အောင်မိုးမြင့်)